DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ဟုမ္မလင်းမြို့နယ်၌ ညမထွက်ရအမိန့်ထုတ်
DVB
·
February 16, 2023
စစ်ကောင်စီက ဟုမ္မလင်းမြို့နယ်၌ ညမထွက်ရအမိန့်ထုတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဖေဖော်ဝါရီ ၁၅ ရက် နေ့စွဲနဲ့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

“မဟုတ်လည်း နေဝင် မိုးချုပ်တာနဲ့ ဘယ်သူမှ အပြင်မထွက်ကြတော့ပါဘူး။ မှောင်ပြီဆိုတာနဲ့ စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေ၊ စစ်သားတွေက တွေ့သမျှလူတွေကို ဖမ်းဆီးစစ်ဆေးနေကြတာပါ” လို့ မြို့ခံလူငယ်တဦးက ဒီဗွီဘီကို ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်း လူတချို့က အများပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန်နဲ့ စိုးရိမ်ဖွယ်ရာရှိတဲ့ အပြုအမူတွေကို ဆောင်ရွက်နေကြတဲ့အတွက် အထိအခိုက်မရှိစေဖို့ လူ ၅ ဦးထက်ပိုပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ မစုဝေးကြဖို့၊ ည ၉ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ (ဥပဒေပုဒ်မ-၁၄၄) အမိန့်ကို ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး ၂ လအထိ အတည်ဖြစ်စေရမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသား ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး မာရှယ်လော (Martial Law) ဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013