Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဒိုင်နာယာဉ်တိမ်းမှောက်ပြီး ၃ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ
lusane
·
February 15, 2023
331429673_755845639215273_8430669458458332174_n
330983710_719871992979109_3637108247278347243_n

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၆/၆ မှာ ဒီနေ့ညနေငါးနာရီခွဲက  တိုရိုတာဒိုင်နာ ယာဥ်တစီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ အမျိုးသားတဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး ဆယ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

အရှိန်နဲ့မောင်းလာတဲ့  တိုရိုတာဒိုင်နာယာဥ်မှာ မိုင်တိုင်အမှတ် ၂၉၆/၆ အရောက် အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတာလို့ သွားရောက်ကူညီရာမှာ ပါဝင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ကားပေါ်မှာ ၁၄ ယောက်ပါလာတာ သုံးဦးသေတယ်၊ ကိုးဦးဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့အထဲမှာ တဦးက စိုးရိမ်ရတယ်။" 

ယာဥ်တိမ်းမှောက်ရာကို သီးကုံးအမြန်လမ်းမီးသတ်တပ်ဖွဲ့နဲ့ ဝန်ဇင်းလူငယ်အသင်း၊ သုခမေတ္တာအသင်း၊ ပြည်သာယာ လူငယ်လူမှုကူညီရေးအသင်းတွေက ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကိုပြောပါတယ်။

သေဆုံးသူသုံးဦး၊ ဒဏ်ရာရရှိသူ အမျိုးသားသုံးဦး နဲ့ အမျိုးသမီးခြောက်ဦးကို မိတ္တီလာဆေးရုံကို ပရဟိတအဖွဲ့တွေက ပို့ဆောင်ပေးလိုက်တယ်လို့ သူကရှင်းပြပါတယ်။ 

ဓာတ်ပုံ- ပြည်သာယာ လူမှုကူညီရေးအသင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024