Home
မြန်မာသတင်း
ဖားကန့်တွင် ရေကန်အတွင်းကျ သေဆုံးခဲ့သည့် အမျိုးသမီးအလောင်း ပြန်တွေ့
DVB
·
February 8, 2023
329374764_697014318836353_3463510913870050534_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်မောင်းလျှံကျေးရွာမှာ ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက် မနက် ၉ နာရီလောက်က မိသားစု ၃ ဦး စီးနင်းလာတဲ့ ကားနဲ့အတူ လုပ်ကွက်ဟောင်း ရေကန်အတွင်း ပြုတ်ကျခဲ့ပြီး အလောင်းရှာမတွေ့တဲ့ မိသားစုဝင် ၃ ဦးထဲက အမျိုးသမီးဖြစ်သူရဲ့ ရုပ်အလောင်း ဖေဖော်ဝါရီ  ၇ ရက်နေ့မှာ ရေကန်အတွင်းကနေ ပေါ်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကူညီဆောင်ရွက်ပေးခဲ့တဲ့ မြင်တွေ့ရှိသူတဦးက “ရေကန်နားမှာနေသူတွေက တွေ့တာ၊ ကမ်းဘက်ကပ်လာမှ သွားကြည့်တော့ အလောင်းဖြစ်နေတာ။ မျက်နှာ၊ ဆံပင်၊ ခြေချောင်း လက်ချောင်းတွေ မရှိတော့ဘူးဗျ။ သူ့ကိုယ်ပေါ်မှာကျန်နေတဲ့ အဝတ်အစားကြောင့် အမျိုးသမီး တဦး အ‌လောင်းလို့ ပြောနိုင်တာ” လို့ ပြောပါတယ်။

မှော်မောင်းလျှံကျေးရွာရှိ ရေကန်ဟောင်းတခုအတွင်း လွန်ခဲ့တဲ့ ၈ လလောက်က လင်မယား ၂ ဦးနဲ့ လသားအရွယ် ကလေးငယ် ၁ ဦး၊ မိသားစု ၃ ဦး စီးနင်းလာတဲ့ ပါဂျဲရိုးကားဟာ ပေ ၄၀၀ ခန့်နက်တဲ့ ရေကန်ထဲ ပြုတ်ကျခဲ့ရာ မိသားစု ၃ ဦးရဲ့ အလောင်းကို ရက်သတ္တပတ်ခန့်ကြာ ရှာဖွေခဲ့ကြပေမဲ့ မတွေ့လို့ ရှာဖွေမှုရပ်တန့်လိုက်တာဖြစ်ပါတယ်။

ဆယ်ယူရရှိတဲ့ အမျိုးသမီး ရုပ်အလောင်းကို ဖားကန့်ကြက်ခြေနီ၊ လူမှုကူညီရေးအသင်းနဲ့ ဒေသခံတွေက ဆယ်ယူခဲ့ပြီး မှော်မောင်းလျှံအကျိုးတူကုမ္ပဏီက တာဝန်ယူကာ သင်္ဂြိုဟ်ပေးလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024