DVB Logo
Home
မြန်မာသတင်း
ပဲခူးတွင် PDF များ လက်နက်လာအပ်ရန် စစ်ကောင်စီ ကြေညာ
DVB
·
February 6, 2023
ပဲခူးတွင် PDF များ လက်နက်လာအပ်ရန် စစ်ကောင်စီ ကြေညာ
Donate to DVB

ပဲခူးတိုင်းအတွင်းရှိ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာ စစ်တပ်က PDF တွေကို လက်နက်လာအပ်ဖို့ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်အုပ်ချုပ်ရေးထုတ်ထားတဲ့ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်းမြို့၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့နယ်တွေမှာ ဖေဖော်ဝါရီ ၅ ရက်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက အသံချဲ့စက်နဲ့ လိုက်လံကြေညာခဲ့တာလို့ ထန်းတပင်မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“လက်နက်တွေရှိရင် လာအပ်ဖို့၊ တုတ်၊ ဓား၊ လက်နက်မကိုင်ဖို့၊ လူစုလူဝေးမလုပ်ဖို့ လိုက်အော်တာ စစ်တပ်ရော၊ ရဲရောပါတယ်။”

အုတ်ဖိုမြို့နယ်ကို စစ်အုပ်ချုပ်ရေးမြို့နယ်အဖြစ် သတ်မှတ်ကြောင်းကို ဒီနေ့မနက်ပိုင်းမှ စတင်ကာ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ည ၉ မနက် ၄ အပြင်မထွက်ရ၊ စစ်တပ်ကစစ်ဆေးရင် အေးဆေးခံယူဖို့၊ စစ်သားတွေ ရဲတွေကို မနှောင့်ယှက်ဖို့ ကြေညာတာ။”

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ နယ်မြေဖြစ်တဲ့ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်းမြို့၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့နယ်တွေကို ဖေဖော်ဝါရီ ၃ ရက်က စတင်ကာ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့် ထုတ်ပြန်ကြေညာခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်က တနိုင်ငံလုံးအတိုင်းအတာနဲ့ ၃၇ မြို့နယ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီလိုကြေညာခဲ့တဲ့ မြို့နယ် ၃၇ မြို့နယ်ကတော့ ကယားပြည်နယ် ၄ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ၅ မြို့နယ်၊ မကွေးတိုင်းဒေသကြီး ၅ မြို့နယ်၊ စစ်ကိုင်း ၁၁ မြို့နယ်၊ ချင်းပြည်နယ် ၇ မြို့နယ်၊ မွန်ပြည်နယ် ရေးမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်နဲ့ ပုလောမြို့နယ်တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013