DVB Logo
Home
မြန်မာသတင်း
လှိုင်မြို့နယ်တွင် လူဦးရေစာရင်းကောက်ရာမှာ ပါဝင်သည့် အရန်မီးသတ် ၁ ဦး သေနတ်ပစ်ခံရ သေဆုံး
DVB
·
February 3, 2023
လှိုင်မြို့နယ်တွင် လူဦးရေစာရင်းကောက်ရာမှာ ပါဝင်သည့် အရန်မီးသတ် ၁ ဦး သေနတ်ပစ်ခံရ သေဆုံး
Donate to DVB

ရန်ကုန်၊ လှိုင်မြို့နယ် ၁ ရပ်ကွက်၊ ဇေယျမင်္ဂလာ ၂ လမ်းမှာ ဖေဖော်ဝါရီ ၃ ရက် ဒီနေ့ ညနေ သုံးနာရီခွဲက လူဦးရေစာရင်း ကောက်ယူရာမှာ ပါဝင်ခဲ့တဲ့ အရန်မီးသတ်တဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

နေအိမ်တိုက်ခန်းပေါ်မှ ဆင်းလာတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးလူအေးကို ဒီနေ့ ညနေ ၃ နာရီက သူ နေထိုင်ရာ တိုက်ရှေ့မှာပဲ အမည်မသိအမျိုးသားနှစ်ဦးက ပစ်ခတ်သွားတာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“တိုက်ပေါ်ကဆင်းလာတဲ့အချိန် စက်ဘီးနဲ့လာပစ်သွားတာ။ ကျည်ထိမှန်ဒဏ်ရာ နှစ်ချက်နဲ့ သေတယ်။ သူ့ကို သန်းခေါင်စာရင်းကောက်တုန်းက ပါလို့ အသတ်ခံရတယ်လို့လည်း ပြောနေတယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးလူအေးရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ်က လူနာတင်ယာဥ်နဲ့ ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီနေ့ မနက်ပိုင်းကလည်း သုံးခွမြို့နယ် ရေပေါ်ကန်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်အတွင်း လှိုင်၊ မြောက်ဥက္ကလာပနဲ့ သုံးခွမြို့နယ်မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးတဦးနဲ့ အရန်မီးသတ်တဦး သေဆုံးခဲ့ပါတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ပစ်ခတ်မှု့နဲ ဗုံးပေါက်ကွဲမှုတွေကြောင့် ဗိုလ်မှူးသုံးဦး အပါအဝင် ၉ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013