DVB Logo
Home
မြန်မာသတင်း
မန္တလေးက ပိတ်ဆို့ စစ်ဆေးမှုများတွင် ပါဝင်မည်မဟုတ်ဟု အရန်မီးသတ်တပ်ဖွဲ့ဝင်များပြော
DVB
·
August 20, 2021
မန္တလေးက ပိတ်ဆို့ စစ်ဆေးမှုများတွင် ပါဝင်မည်မဟုတ်ဟု အရန်မီးသတ်တပ်ဖွဲ့ဝင်များပြော
Donate to DVB

မန္တလေးမှာ ကိုဗစ်-၁၉ ရောဂါအကြောင်းပြပြီး စစ်ကောင်စီက ကန့်သတ်ချက်တွေ ထုတ်ပြန်ထားပြီး နယ်ကျော် စစ်ဆေးတာနဲ့ ပြည်သူတွေကို ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်နေတဲ့အတွက် ဒီလိုစစ်ဆေးမှုတွေမှာ ပါဝင်မှာ မဟုတ်တော့ဘူးလို့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီလို ပိတ်ဆို့စစ်ဆေးမှုတွေမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့အပေါ် လူမှုကွန်ရက်မှာလည်း အရန်မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ဘက်မရပ်တည်ဘူးဆိုတဲ့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

အောင်မြေသာစံမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက “အဓိကကတော့ တာဝန်ယူမှု တာဝန်ခံမှုမရှိဘူး။ အရန်မီးသတ်တွေ တစ်ခုခုဖြစ်ရင် ဘာမှ လုပ်ပေးတာမရှိဘူး။ ဟိုတစ်နေ့က မိုးရွာတယ်။ မိုးရွာထဲမှာ စစ်ဆေးရတယ်။ တချို့ဖျားကြတယ်။ ဘာမှ လုပ်မပေးဘူး။ နောက်တစ်ခုက တစ်ယောက်ကို တစ်ရက်ငွေ ငါးထောင်နဲ့ ထမင်းကျွေးမယ် ပြောခေါ်တယ်။ ထမင်းပဲကျွေးတယ်။ ငါးထောင်မပေးဘူး။ ငွေ ငါးထောင်လိုချင်လို့တော့ မဟုတ်ဘူး။ သူတို့ဘက်က ဘာမှတာဝန်မယူဘူး။ ဒါ့ကြောင့် မပူးပေါင်းတော့တာ။” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ဆေးမှုတွေမှာ အုပ်ချုပ်ရေးအဖွဲ့တွေက စစ်ဆေးတာမရှိပဲ အရန်မီးသတ်တပ်ဖွဲ့ဝင် တွေကိုသာ ထိုးကျွေးတဲ့သဘော စစ်ဆေးစေတဲ့အပြင် သန္ဓေအနေနဲ့လည်း အင်အားထုတ်သုံးတာမရှိဘူးလို့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ က ဆိုပါတယ်။

နယ်ကျော်ကပ် စစ်ဆေးတာနဲ့ ပိတ်ဆို့စစ်ဆေးတာတွေကို မပူးပေါင်းမယ့် မြို့နယ် အရန်မီးသတ်တပ်ဖွဲ့တွေကတော့ အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို စစ်ဆေးတာတွေမှာ မပါဝင်ပေမယ့် ကယ်ဆယ်ရေးနဲ့ မီးငြှိမ်းသတ်ရေးတွေမှာ ပါဝင်သွားမှာ ဖြစ်တယ်လို့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

စစ်ဆေးမှုတွေမှာပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေကို ခြိမ်းခြောက်တာ အပြင် ရိုင်းစိုင်းစွာ ဆဲဆိုတာတွေ၊ လက်ပါတာတွေအထိ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013