DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့မအလယ်တန်းကျောင်းဝင်းအတွင်း ဗုံး ၂ လုံးပေါက်ကွဲ
DVB
·
February 3, 2023
မိုးညှင်းမြို့မအလယ်တန်းကျောင်းဝင်းအတွင်း ဗုံး ၂ လုံးပေါက်ကွဲ
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ မြို့မအလယ်တန်းကျောင်းဝင်းအတွင်းမှာ ဖေဖော်ဝါရီ ၁ ရက် မနက်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းတာ ၂ နှစ်ပြည့် တိတ်ဆိတ်ခြင်းသပိတ် ပြုလုပ်တဲ့နေ့မှာ မြို့မ အလယ်တန်းကျောင်းဝန်းအတွင်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်က  လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ဒေသခံအမျိုးသားတဦးက “ဒီနေ့က စစ်တပ်အာဏာသိမ်းတဲ့နေ့ တမြို့လုံးကလည်း တိတ်ဆိတ်ခြင်းသပိတ်လုပ်ဖို့ စိတ်အားထက်သန်နေကြတယ်။ အတော်များများက အိမ်မှာပဲနေကြတာ။ အဲဒါ အလယ်တန်းကျောင်းမှာ ဗုံးနှစ်လုံးကွဲတယ်။ ပြည်သူတွေ အတော်များများက နေအိမ်အပြင် မထွက်ကြဘူး။ ဘယ်သူခွဲလဲတော့ ကျနော်မသိဘူး။ ဗုံးပေါက်ပြီး လက်နက်ကြီးနဲ့ ရမ်းသန်းပစ်နေတာပဲ” လို့ ပြောပါတယ်။

မြို့မအလယ်တန်းကျောင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ထန်းတပင် ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

မိုးညှင်းမြို့မအလယ်တန်းကျောင်းမှာ ဗုံးနှစ်လုံးပေါက်ကွဲတာဟာ စစ်ကောင်စီက လုပ်ဆောင်တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ အရပ်သားပြည်သူတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေကို ကာကွယ်စောင့်ရှောက်မှာဖြစ်ပြီး ဖောက်ခွဲမှုကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း Mohnyin Revolution Force က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013