DVB Logo
Home
မြန်မာသတင်း
ကရင်နီတော်လှန်ရေးသမီးပျိုတဦးရဲ့ ဒရမ်ရိုက်ချက်များဖြင့် Cover ပုံဖော်ထားသည့် ဖြူဖြူကျော် သိန်း၏ သီချင်း-“စစ်”(ရုပ်သံ)
DVB
·
February 2, 2023
ကရင်နီတော်လှန်ရေးသမီးပျိုတဦးရဲ့ ဒရမ်ရိုက်ချက်များဖြင့် Cover ပုံဖော်ထားသည့် ဖြူဖြူကျော် သိန်း၏ သီချင်း-“စစ်”(ရုပ်သံ)
Donate to DVB

“ငါအော်ကာနေမယ် ရပ်… စစ်ပွဲတို့ချုပ်ငြိမ်းလိုက်… တိုးတက်နေတဲ့ တိုင်းပြည်များကို ကျည်ဆံနဲ့တည်ဆောက်မရ… ငါအော်ကာနေမယ် ရပ်… စစ်ပွဲတို့ချုပ်ငြိမ်းလိုက်… တိုးတက်နေတဲ့ တိုင်းပြည်များကို ကျည် ဆံနဲ့ တည်ဆောက်မရ… ကျည်ဆံနဲ့ တည်ဆောက်မရ”

ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီး တေးသံရှင်တယောက်ဖြစ်တဲ့ ဖြူဖြူကျော်သိန်း သီဆိုတဲ့ “စစ်” ဆိုတဲ့ သီချင်းထဲက တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။ ခုတခါမှာတော့ ဒီသီချင်းကို မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်က တော်လှန်ရေးသမီးပျို မိန်းကလေးငယ်တယောက်ရဲ့ ဒရမ်ရိုက်ချက်တွေ တီးခတ်ပုံဖော်မှုတွေနဲ့ ရှုစားနားဆင်ကြရမှာပါ။

“စစ်” သီချင်းရဲ့ ဒရမ် Cover သီဆိုမှု ဒီရုပ်သံဗွီဒီယိုဖိုင်ကို တေးသံရှင် ဖြူဖြူကျော်သိန်းက ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ပြန်လည်မျှဝေထားခဲ့ပြီး ခုလိုရေးသား ဖော်ပြထားခဲ့တာ တွေ့ရပါတယ်။

“တလောက online တက်ရင်း ဒီသီချင်းလေးကို မိန်းမငယ်လေးတစ်ယောက်က drum cover လေးတီးထားတာ သွားတွေ့တယ်။ အပီအပြင် mood အပြည့်နဲ့။ တီးထားတာလေးလည်း ကောင်းပါ့။ drum ချက်‌တွေ ရိုက်ချလိုက်တိုင်း ကျည်ဆန်တွေထွက်ကျလာသလို ရိုက်ထားတာ။ အော်… သူ့ကို ဒီ သီချင်းမတီးမဆိုဖို့ ဘယ်သူမှတားမယ့်သူ မရှိတော့ဘူးပဲ။ တားလည်း မတားနိုင်ကြ‌တော့ဘူးပေါ့။ ကံကောင်းလိုက်တာလို့… ဒါပေမယ့်...သူကလေ…မီးလောင်ပျက်စီး ပြာကျပြီး စစ်မြေပြင် ဖြစ်သွားတဲ့ မြန်မာပြည်ကြီးရဲ့ တစ်နေရာမှာ စစ်ဝတ်စစ်စားနဲ့  drum လေးချပြီး တီးနေရှာတာ... အော်…လွတ်လပ်ခြင်းဆိုတာ အတော်လည်း ဈေးကြီးတာပါလားလို့”

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်တာ ကြာမြင့်နေခဲ့ပြီဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး မြေပြင်တိုက်ပွဲတွေ၊ သပိတ်စစ်ကြောင်းတွေ၊ လူထုတော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

“ယမ်းငွေ့ကြားထဲ အတုံးအရုံး လဲပြိုကျ… သွေးချောင်းစီးခဲ့ စစ်ရဲ့ ဆိုးမွေကြား… ပျောက်ဆုံးသွားခဲ့တဲ့ အိမ်ရာများ… ပျက်စီးသွားခဲ့တဲ့ ကလေးငယ်များ… အနာဂတ်ပျောက်ခဲ့တာ တို့ပြည်သူများပဲ… အမုန်းတရား အချင်းချင်း တုံ့နှင်းတဲ့ စစ်မက်များ… ငြိမ်းချမ်းခြင်းက စာချုပ်အထက် လက်မှတ်များသာ… စတေးခဲ့ရတာ ပြည်သူများ… စာချုပ်အနောက်ဖက်မှာ အသက်တွေပါ… ကျည်ဆံကြားက ဘဝဟာ အဓိပ္ပါယ်မဲ့ခြင်းသာ”

တော်လှန်ရေး မိန်းမငယ် Maw ReeRe ရဲ့ ကာဗာအနေနဲ့ ပြန်လည်ပုံဖော်ဖန်တီးမှုမှာတော့ တော်လှန်ရေးစစ်ဝတ်စုံနဲ့ မီးလောင်ပြင်ထဲက အပျက်အစီးတွေကြားမှာ အသက်ဝင်တဲ့ ဒရမ်ရိုက်ချက်တွေနဲ့အတူ လတ်တလော အခြေအနေတွေကို ထင်ဟပ်နေခဲ့တာကို တွေ့ရမှာပါ။

စစ်အာဏာသိမ်း ၂ နှစ်တာ ကာလတွေအတွင်း အကြမ်းဖက်စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ ရက်စက်စွာ ညှန်းပန်းနှိပ်စက် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ ပြည်သူစုစုပေါင်း ၂,၈၉၄ ယောက်ရှိခဲ့ပြီး အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ဦးရေ ၁ သန်းခွဲကျော် ရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

ကရင်နီပြည်နယ်ဟာလည်း မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ပြည်နယ်တခုဖြစ်နေပြီး အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင် ဖိနှိပ်မှုတွေ ခံနေရတဲ့ ပြည်နယ်တခု ဖြစ်ကာ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွေနဲ့ပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013