DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၂ နှစ်အတွင်း အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာပြည်သူ ၂,၉၀၀ ကျော်ကို အမေရိကန်သံရုံး ဂုဏ်ပြု (ရုပ်သံ)
DVB
·
February 1, 2023
စစ်အာဏာသိမ်း ၂ နှစ်အတွင်း အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာပြည်သူ  ၂,၉၀၀ ကျော်ကို အမေရိကန်သံရုံး ဂုဏ်ပြု (ရုပ်သံ)
Donate to DVB

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်အဖြစ် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူ  ၂,၉၀၀ ကျော်ကို ဂုဏ်ပြုကြောင်း ရန်ကုန်အခြေစိုက်  အမေရိကန်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။

အာဏာသိမ်းတဲ့အချိန်ကစပြီး  စစ်အာဏာရှင်အဖွဲ့အစည်းကို သူတို့ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက်  တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ ကြိုးပမ်းအားထုတ်ရာမှာ အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပါဝင်ပြီး စစ်လက်နက်နဲ့ လေယာဉ်ပစ္စည်းအဝယ်တော်တွေ အပါအဝင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို  အရေးယူနေတယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်အစိုးရဟာ ကနေဒါ၊ ဩစတြေးလျ၊ ယူကေနိုင်ငံတွေနဲ့ ပူးပေါင်းပြီး လေတပ်ဦးစီးချုပ်အပါအဝင် မြန်မာစစ်အုပ်စုဝင်နောက်ထပ် လူပုဂ္ဂိုလ် ၆ ဦးနဲ့ အဖွဲ့အစည်း ၃ ခုကို ပိတ်ဆို့ အရေးယူမှုတွေ ထပ်မံ လုပ်ဆောင်လိုက်ပါတယ်။

အရေးယူဒဏ်ခတ်ခံရသူတွေထဲမှာ  ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကြံ့ခိုင်ရေးအမတ်ဟောင်းဦးလှဆွေ (ဘူးလက်လှဆွေ)၊ ဦးတေဇရဲ့ သမီး ထူးထွေးတေဇ (ခ) အဆိုတော်ရေချယ်တေဇ၊ စစ်ကောင်စီခန့် စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးစသူတို့ပါဝင်သလို၊  သတ္တုတွင်းလုပ်ငန်း ၂ ခုနဲ့ စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ပါဝင်ပါတယ်။  

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံရာမှာ နိုင်ငံတကာမိတ်ဖက်တွေနဲ့အတူ ဆက်လက် ဆောင်ရွက်သွားမယ်၊ အရပ်သားပြည်သူတွေအပေါ် ရက်ရက်စက်စက်အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့နဲ့ ပြည်သူ့ဆန္ဒကို လေးစားဖို့ စစ်အာဏာရှင်ကို  ဆက်လက် ဖိအားပေးသွားမယ်လို့လည်း အမေရိကန်သံရုံးထုတ်ပြန်ချက်မှာ‌ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘားမားအက်ဥပဒေပါဝင်တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေကို ၂၀၂၂ ဒီဇင်ဘာလမှာ  သမ္မတဘိုင်ဒင်က အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး မြန်မာအရေး ကူညီဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။

Photo-US Embassy

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013