DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်အဖွဲ့များနှင့် မဆက်သွယ်ရန် စစ်ကောင်စီက ဖုန်းမှတဆင့် စာတိုပို့ ခြိမ်းခြောက်
DVB
·
January 31, 2023
အကြမ်းဖက်အဖွဲ့များနှင့် မဆက်သွယ်ရန် စစ်ကောင်စီက ဖုန်းမှတဆင့် စာတိုပို့ ခြိမ်းခြောက်
Donate to DVB

အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့တာဟာ ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ CCCT အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကနေ ဇန်နဝါရီ ၃၁ ရက် မနက် ၁၀ နာရီလောက်မှာ ATOM (အရင် တယ်လီနော) အော်ပရေတာကတဆင့် စာတိုပေးပို့လာတယ်လို့ စစ်ကိုင်းတိုင်းအတွင်း နေထိုင်သူတဦးက ပြောပါတယ်။

“ဒီနေ့မနက် ၁၀ နာရီလောက်မှာ ATOM (တယ်လီနော) ကနေ အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့ရင် အရေးယူခံရနိုင်တယ်ဆိုတဲ့စာတို မက်ဆေ့ချ်ဝင်လာတယ်ဗျ။ ဒါ သူတို့လက်အောက်မှာရှိတဲ့ ဖုန်းအော်ပရေတာတွေကို အသုံးချပြီး ပြည်သူတွေကို ခြိမ်းခြောက်တာပဲဗျ။ သူတို့ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့အားပေးတာ အင်အားလျော့ကျသွားအောင် လက်ကိုင်ဖုန်းရှိသူတိုင်းကို အသိပေးတာဖြစ်လို့ သူတို့ ကြောက်နေပြီဆိုတာ ကောက်ချက်ချလို့ ရနေပြီဗျ” လို့ တော်လှန်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကလည်း ATOM ရဲ့ ဝန်ဆောင်မှုတွေကို ပုံမှန်အတိုင်း ဆက်လက်သုံးစွဲနိုင်ဖို့ စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့ လက်ရှိသုံးစွဲနေတဲ့ ATOM ဆင်းကတ်တွေကို အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းရှိမရှိ စစ်ဆေးဖို့နဲ့ မှန်ကန်မှုမရှိပါက ပြန်လည်ပြင်ဆင် မှတ်ပုံတင်ဖို့ အသိပေး အကြောင်းကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း MPT နဲ့ Telenor (ATOM) ကိုသာ အသုံးများပြီး တခြားဖုန်းဆင်းကတ် အသုံးပြုသူနည်းပါးကာ အခုလို စာတို မက်ဆေ့ချ်ပေးပို့ခြင်း ရှိမရှိကိုတော့ မသိရှိရဘဲ MPT က မက်ဆေ့ချ်မဝင်သေးတော့ မသိရသေးဘူးလို့ သုံးစွဲသူတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း ဆက်သွယ်ရေး အော်ပရေတာတွေက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို မကြာခဏ ဖွင့်လိုက်၊ ပိတ်လိုက်လုပ်ကာ စစ်ကောင်စီစစ်ကြောင်းထိုးရင် ဖုန်းလိုင်းတွေဖြတ်ထားပြီး စစ်ကြောင်းထိုးသလို အင်တာနက်လိုင်းလည်း အသုံးပြုလို့မရဘဲ သတင်းစီးဆင်းမှု နှေးကွေးရပ်တန့်အောင် ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သုံးစွဲသူ အမျိုးသမီးငယ်တဦးက “တနေရာရာမှာ တိုက်ပွဲဖြစ်ပြီဆို ဖုန်းလိုင်းဖြတ်တော့တာပဲ၊ သူတို့လုပ်တတ်တာလည်း ဒါပဲရှိတယ်” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ CRPH၊ PDF တွေကို ထောက်ပံ့ကူညီတာတွေ ရပ်တန့်ဖို့၊ တော်လှန်ရေးအရှိန် တားဆီးနိုင်ဖို့ ရည်ရွယ်ပြီး မက်ဆေ့ချ် ပေးပို့ခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံပြည်သူတဦးက‌ ဆိုပါတယ်။

အခုလို တယ်လီဖုန်းအော်ပရေတာကတဆင့် စာတိုပေးပို့ဖို့ကို ဇန်နဝါရီ ၁၀ ရက်နေ့ကလုပ်တဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ စစ်ကောင်စီပြည်ထဲရေးဝန်ကြီးနဲ့ အပေါင်းပါတွေက ဆွေးနွေးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013