DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ကုလအတွင်းရေးမှူးချုပ် စိုးရိမ်
DVB
·
January 31, 2023
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ကုလအတွင်းရေးမှူးချုပ် စိုးရိမ်
Donate to DVB

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ၊ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေအပေါ် ဖမ်းဆီးခြိမ်းခြောက်နှောက်ယှက်မှုတွေကြားမှာ မြန်မာစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို စိုးရိမ်ပူပန်တဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်က ပြောကြားလိုက်ပါတယ်။

မြန်မာပြည်သူတွေကို သူတို့ရဲ့ နိုင်ငံရေးအခွင့်အရေးတွေ လွတ်လပ်စွာဆောင်ရွက်ခွင့်ပေးထားတဲ့ အခြေအနေမရှိဘဲ ဆန္ဒမဲပေးပွဲလုပ်ဖို့ အဆိုပြုတာဟာ တိုင်းပြည်မတည်ငြိမ်မှုကို ပိုလို့ ဆိုးရွားစေလိမ့်မယ်လို့ ကုလသမဂ္ဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၃၀ ရက်မှာ ကြေညာချက်ပြန်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို မတရားဖမ်းဆီးထောင်ချပြီး စစ်တပ်က တရားမဝင်အာဏာသိမ်းယူခဲ့တာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ၂ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ဒီအချိန်မှာ အာဏာသိမ်းစစ်တပ်က ကာလုံအစည်းအဝေးခေါ်ယူပြီး အာဏာကို ဆက်လက်ရယူထားဖို့ ပြင်ဆင်နေသလို တဖက်မှာ ရွေးကောက်ပွဲကျင်းပဖို့အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေထုတ်ပြန်ပြင်ဆင်နေချိန်မှာ ကုလသမဂ္ဂက အခုလို ထုတ်ပြန်လိုက်တာပါ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ သွေးစည်းညီညွတ်စွာ အတူဆက်လက် ရပ်တည်ကြောင်း၊  အားလုံးပါဝင်၊ ငြိမ်းချမ်း၊ တရားမျှတတဲ့ လူ့အသိုက်အဝန်းတခုဖြစ်ဖို့ ဒီမိုကရေစီရေးရည်မှန်းချက်နဲ့ ရိုဟင်ဂျာတွေအပါအဝင် အသိုက်အဝန်းတခုလုံးကို ကာကွယ်ဖို့  အားပေးထောက်ခံတယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်မှာ ပဋိပက္ခတွေ ဘက်ပေါင်းစုံကနေ ဆက်လက်ဆိုးရွာလာနေပြီး ဒေသအပေါ် ပြင်းပြင်းထန်ထန် ရိုက်ခတ်မှုတွေရှိလာတဲ့ အလျှောက် အကြမ်းဖက်မှုပုံစံအားလုံးကို အပြင်းအထန်ရှုတ်ချတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းမှုကနေ ဖြစ်လာတဲ့ အကာအကွယ်မဲ့နေသူ ပေါင်းစုံရဲ့ အခြေအနေတွေကိုပြောပြဖို့ ကုလသမဂ္ဂနေနဲ့ မြန်မာပြည်မှာဆက်နေဖို့ သန္နိဋ္ဌာန်ချထားတယ်၊ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ မိတ်ဖက်တွေရဲ့ ဘေးကင်းလုံခြုံရေးကို ဦးစားပေးကာ ထိခိုက်နစ်နာနေတဲ့ လူ့အသိုက်အဝန်းအတွက်အကူအညီတွေ အတားအဆီးမရှိပေးနိုင်ရေး လိုအပ်တယ်လို့လည်း ဆိုပါတယ်။

စစ်ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒလိုအပ်ချက်တွေနဲ့ ဒီမိုကရေစီ စံနှုန်းတွေကို လေးစားလိုက်နာလာဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြားကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက တိုက်တွန်းပေးကြဖို့လည်း  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။

PHOTO-UN

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013