DVB Logo
Home
မြန်မာသတင်း
မြန်မာ-အိန္ဒိယနယ်စပ်တွင် စစ်ကောင်စီ ကင်းထောက်လေယာဉ်များ ပျံသန်းနေသဖြင့် စစ်ရှောင်များ စိုးရိမ်
DVB
·
January 30, 2023
မြန်မာ-အိန္ဒိယနယ်စပ်တွင် စစ်ကောင်စီ ကင်းထောက်လေယာဉ်များ ပျံသန်းနေသဖြင့် စစ်ရှောင်များ စိုးရိမ်
Donate to DVB

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း တမူးမြို့နဲ့ အိန္ဒိယနိုင်ငံ မိုးရေးမြို့အကြား နယ်နိမိတ်ချင်း ထိစပ်နေတဲ့နှစ်နိုင်ငံ နယ်စပ်ဒေသမှာ  စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေ အဆက်မအပြတ် ပျံသန်းနေတဲ့အတွက် စစ်ဘေးရှောင်တွေ တောတောင်တွေထဲ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

နယ်စပ်ကနေထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာစစ်ရှောင်တွေခိုလှုံနေတဲ့ အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့ကို ဒီနေ့ ဇန်နဝါရီ ၃၀ ရက်မှာ စစ်ကောင်စီဘက်က တာဝန်ရှိသူတွေ လာရောက်မှာဖြစ်တဲ့အတွက် မြို့ထဲမှာ အစစ်အဆေးတွေရှိနေပြီး နေ့လယ်ပိုင်းက မြန်မာစစ်တပ်နဲ့ အိန္ဒိယစစ်တပ်က လေယာဉ်တွေ ပျံသန်းနေတဲ့အတွက် စစ်ရှောင်တွေအနေနဲ့ စိုးရိမ်ကြောက်လန့်ပြီး တောတောင်တွေထဲမှာ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ မိုးရေးမြို့မှ စစ်ရှောင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“မိုးရေးနဲ့ အနီးအနားကရွာတွေကို ဝင်စစ်တာ၊ မနေ့ကဆိုလည်း ဗမာကလေးတွေကို စာသင်ပေးနေတဲ့ ကချင်ကျောင်းတကျောင်းကို ဝင်စစ်သေးတယ်။ အခုက အိန္ဒိယစစ်တပ်နဲ့ ဗမာစစ်တပ် ပေါင်းပြီး တအိမ်တက် တအိမ်ဆင်း မြန်မာတွေလိုက်ရှာပြီး ဖမ်းနေတယ်ကြားတယ်။ အင်ဖာဘက်ကို စစ်တပ်ကအရာရှိလာမှာမို့လို့ အခုလို ဖြစ်တာလို့လည်း ကြားပါတယ်။ ဒီဘက်ကို မြန်မာစစ်တပ်ဘက်က လုံခြုံရေး ရှေ့ပြေး အယောက် ၂၀ လည်း ရောက်နေတယ်။ အခုက စစ်ရှောင်တွေ အနားက တောတွေထဲမှာ ပုန်းနေကြရတယ်။ ကျနော်တို့လည်း ရှောင်နေရတယ်။”

မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံက ဒေသဆိုင်ရာ နယ်ခြားကော်မတီကို ၆ လတကြိမ် ကျင်းပလေ့ရှိပြီး ဒီနေ့မှာ စစ်တပ်ဘက်က အကြီးအကဲတယောက် လာရောက်မှာဖြစ်တဲ့အတွက် အခုလို ကင်းထောက်လေယာဉ်တွေ ပျံသန်းသွားလာနေတာ ဖြစ်နိုင်တယ်လို့ တမူးဒေသ ကာကွယ်ရေးအဖွဲ့တခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်ကလည်း နယ်စပ်ဖြတ်ကျော်ခိုလှုံလာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈၁ ယောက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှု လ.ဝ.က ဥပဒေနဲ့ မဏိပူရ်ပြည်နယ်အစိုးရအဖွဲ့က ဖမ်းဆီးထောင်ချခဲ့ပါတယ်။ 

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်တဲ့ ဒုက္ခသည်ပေါင်း ၄၀,၀၀၀ ခန့်နဲ့ မဏိပူရပြည်နယ်မှာ ၅,၀၀၀ ကျော်ရှိတယ်လို့ လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013