DVB Logo
Home
မြန်မာသတင်း
နတ်တလင်းတွင် စစ်ကောင်စီစက်လှေ ၃ စီးနှင့် ညောင်လေးပင် ခမရေ ၂၆၄ တပ်ရင်းတို့ တိုက်ခိုက်ခံရ
DVB
·
January 29, 2023
နတ်တလင်းတွင် စစ်ကောင်စီစက်လှေ ၃ စီးနှင့် ညောင်လေးပင် ခမရေ ၂၆၄ တပ်ရင်းတို့ တိုက်ခိုက်ခံရ
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ ထပ်မံအင်အားဖြည့်တင်းဖို့ မန်ကျည်းပင် စက်လှေဂိတ်မှ တက်လာတဲ့ စစ်ကောင်စီ စက်လှေ ၃ စီးအား သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃၊ တပ်ခွဲ ၄ ပူးပေါင်းအဖွဲ့တို့က ဇန်နဝါရီ ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲလောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူး PDF က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ စက်လှေ ၃ စီးလုံး နောက်ကြောင်းပြန်လှည့်သွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေး ဖြစ်ပွား‌ရာနေရာအား ရမ်းသန်းပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဘေးအန္တရာယ်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဇန်နဝါရီ ၂၆ ရက်နေ့ကလည်း မန်းကျည်းပင်စက်လှေဂိတ်မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ရာ ၄ ဦးသေဆုံးပြီး ၆ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့သလို ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း ပျဉ်းမခေါင်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အထိနာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ထပ်မံအင်အားဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုအနီး နေထိုင်တာ၊ စစ်‌‌ကောင်စီတပ်ဖွဲ့ဝင်တွေအား အဆက်အသွယ်မပြုလုပ်ဘဲ ရှောင်ရှားကြဖို့ ပြည်သူ့ကာကွယ်ရေး တပ်ရင်း တပ်ခွဲတွေက အသိပေးထားပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်အခြေစိုက် ခမရ (၂၆၄) တပ်ရင်းကို ဇန်နဝါရီ ၂၈ ရက် မနေ့ ညနေမှာ M79 လောင်ချာလက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူရှိနိုင်တယ်လို့ ညောင်လေးပင် ပ.က.ဖ က ပြောပါတယ်။

ညောင်လေးပင်မြို့နယ် ပိန်းဇလုတ်မြို့ အခြေစိုက် စစ်ကောင်စီရဲ့ ခမရေ၂၆၄ တပ်ရင်းအတွင်းကို မနေ့ညနေ ၃ နာရီခွဲလောက်မှာ ကျောက်တံခါး မြို့နယ် ပ.က.ဖ နဲ့ ပူးပေါင်းပြီး နန်ထိုက်အောင်စစ်ဆင်ရေးအဖွဲ့က M79 တချက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ညောင်လေးပင် ပ.က.ဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ပစ်ခတ်ပြီးတဲ့နောက် ခမရ ၂၆၄ တပ်အတွင်းက လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့်  တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ခမရ ၂၆၄ တပ်အတွင်းကို ဇန်နဝါရီ ၁၀ ရက်နေ့မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက M79 နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးကာ အဆောက်ဦတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013