DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ‘ဝ’အထူးဒေသ ၂ တွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်လုပ်ပေး
DVB
·
January 17, 2023
စစ်ကောင်စီက ‘ဝ’အထူးဒေသ ၂ တွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်လုပ်ပေး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ‘ဝ’အထူးဒေသ ၂ မှာ စစ်ကောင်စီက လာမယ့်ရွေးအကောက်ပွဲအတွက် ရည်ရွယ်ပြီး ပန်းခင်းစီမံချက်စနစ်နဲ့ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ဇန်နဝါရီ ၁၅ ရက်က ‘ဝ’အထူးဒေသ ၂၊ မိုင်းမောမြို့နဲ့ နမ့်တမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

‘ဝ’ အထူးဒေသ ၂ အတွက် မြို့နယ်အလိုက် ကွင်းဆင်းလုပ်ဆောင်ပေးရာမှာ မိုင်းမောမြို့နယ်နဲ့ နမ့်တစ်မြို့နယ်အတွက် အိမ်ထောင်စုလူဦးရေစာရင်း ၃,၉၀၀ ကျော်နဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြား ၉,၃၀၀ ကျော်ကို ဒေသခံ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ပန်းခင်းစီမံချက်ဟာ ၂၀၂၃ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားကတ်ပြား အမျိုးမျိုးကိုင်ဆောင်ပြီး မဲပေးဖို့အတွက် ရည်ရွယ်ဆောင်ရွက်တာဖြစ်ပြီး နိုင်ငံတဝန်း ရာနှုန်းပြည့်နီးပါး ထုတ်ပြီးဖြစ်ကာ ဆောင်ရွက်ဖို့ ကျန်နေသေးတဲ့ ‘ဝ’အထူးဒေသနဲ့ အခုနှစ်မှာ အသက် ၁၆ နှစ်ပြည့်လာမယ့် နိုင်ငံသားတွေအတွက် ပန်းခင်းစီမံချက်အဆင့် ၂ နဲ့ ကွင်းဆင်းဆောင်ရွက်ပေးတာလို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။

ဒေသခံတွေကတော့ အခုလို အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ပြုလုပ်ရတာဟာ ရွေးကောက်ပွဲမှာ မဲထည့်ဖို့မဟုတ်ဘဲ ခရီးသွားလာရေး အဆင်ပြေစေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာသာ ဖြစ်တယ်လို့ မိုင်းမောဒေသခံတယောက်က ဆိုပါတယ်။

အခုစီမံချက်ကို ‘ဝ’ဒေသဘက်က တောင်းဆိုလို့ ပန်းခင်းစီမံချက်ကို သွားရောက်လုပ်ကိုင်ပေးတာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဌာနတွေက ပြောပေမဲ့ ‘ဝ’ဒေသက တာဝန်ရှိသူတွေကတော့ စစ်ကောင်စီဘက်က လုပ်ဆောင်ပေးမယ်‌ ပြောတာ‌ကြောင့် ဒေသခံတွေရဲ့ ခရီးသွားလာရေး အဆင်ပြေလွယ်ကူစေဖို့ လက်ခံ ဆောင်ရွက်‌ပေးတာလို့ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013