DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်၌ စစ်တပ် ပစ်ခတ်သဖြင့် ရွာသား ၁ ဦးကျည်ထိမှန်၊ ကလေးမြို့တွင် အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ
DVB
·
January 16, 2023
ခင်ဦးမြို့နယ်၌ စစ်တပ် ပစ်ခတ်သဖြင့် ရွာသား ၁ ဦးကျည်ထိမှန်၊ ကလေးမြို့တွင် အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်တိုင်းလေးမြောက်ရွာအနီးမှာ ဇန်နဝါရီ ၁၆ ရက် ဒီနေ့မနက်ခင်းပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ဒေသခံပြည်သူတွေ အရေးပေါ် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့  ခင်ဦးဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဟာ မနေ့က ရေဦးမြို့နယ်၊ မန်ကျည်းတောကျေးရွာ၊ တောင်ဘုန်းကြီးကျောင်းမှာ ညအိပ်ခဲ့ပြီးနောက် အင်အား ၁၀၀ လောက်နဲ့ အခုလို စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ပြောပါတယ်။

“ရွာထဲမရောက်ခင်ကတည်းက လက်နက်ကြီးတွေနဲ့ အတင်းနင်းကန် ပစ်ဝင်လာတယ်။ ရွာသားတွေလည်း အကုန်ထွက်ပြေးရတယ်။ ပြေးရင်လွှားရင်နဲ့တောင် သူတို့ပစ်လို့ ရွာသားတစ်ဦး ကျည်ထိမှန်သေးတယ်”လို့ ရွာသားတဦးက ပြောပါတယ်။

ကျည်ဆန်ထိမှန်သွားသူဟာ အသက် ၃၀ ကျော်အရွယ် ကိုထွန်းထွန်းဖြစ်ပြီး ပေါင်ကို ကျည်ထိမှန်ခဲ့ကာ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူးလို့ ရွာသားကတဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီက ပစ်ခတ်လို့ ခင်ဦးမြို့နယ် အနောက်ခြမ်း မကျီးအုပ်ကျေးရွာ၊ အင်တိုင်းလေးမြောက်ရွာနဲ့ အနီးဝန်းကျင်က ကျေးရွာက ပြည်ထောင်နဲ့ချီ အရေးပေါ် ထွက်ပြေးနေရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ သဇင်ရပ်ကွက်မှာတော့ ဇန်နဝါရီ ၁၃ ရက်နေ့က လမ်းသွားလမ်းလာတွေနဲ့ ခရီးသွားပြည်သူတွေကို စစ်ကောင်စီတပ်တွေက ရှောင်တခင်စစ်ဆေးနေစဉ် ကလေးဒေသခံ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရတဲ့သူဟာ  ပင်လုံရပ်ကွက်မှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသူ မဂိုရှင်းဟွဲ့ဖြစ်ပြီး  မြို့ထဲသို့သွားစဉ် ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

မဂိုရှင်းဟွဲ့ဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အများပြည်သူ ထိတ်လန့်ကြောက်ရွံ့စေဖို့ မဟုတ်မမှန်သတင်းရေးသားဖြန့်ဝေဖို့ ဖမ်းဆီးတာလို့ စစ်ကောင်စီက စွပ်စွဲ သတင်းထုတ်ပြန်ထားပါတယ်။

မဂိုရှင်းဟွဲ့ကို စစ်ကောင်စီတပ်သားတွေက ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အတွင်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်နဲ့နီးစပ်တဲ့သူတွေထံက သိရပါတယ်။

ဇန်နဝါရီလ ၉ ရက်ကလည်း ကလေးPDF အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မောင်လဲမ့်ကိမ်းကိုလည်း စစ်ကောင်စီက မြို့သာရပ်ကွက် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013