DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ရွေးကောက်ပွဲကို ကူညီသူ မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု CNDF ကြေညာ
DVB
·
January 12, 2023
စစ်ကောင်စီ၏ရွေးကောက်ပွဲကို ကူညီသူ မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု CNDF ကြေညာ
Donate to DVB

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အထမြောက်အောင်ကူညီမယ့် ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမဆို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ရဲ့ ဒုတိယအကြိမ် ညီလာခံကနေ ထုတ်ပြန်လိုက်ပါတယ်။

ညီလာခံကို စစ်ဌာနချုပ်ရုံးမှာ ဇန်နဝါရီ ၆ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး CNO Defense Council, War Office နဲ့ တပ်မဟာ ၄ ခုက ညီလာခံကိုယ်စားလှယ် အယောက် ၆၀၊ စောင့်ကြည့်လေ့လာသူ အယောက် ၃၀ လောက် တက်ရောက်ခဲ့ကြတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ အထက်ချင်းတွင်းဒေသအတွင်း မလုပ်ဖို့အတွက် CNO/CNDF က လုံးဝတားမြစ်တဲ့ အကြောင်းနဲ့ တားမြစ်နေတဲ့ကြားက အဲဒီရွေးကောက်ပွဲကို အထမြောက်အောင် ကူညီမယ့် ဘယ်လိုပုဂ္ဂိုလ်မျိုးမဆို CNO/CNDF က ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း ညီလာခံထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

ပြီးတော့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဌာနအသီးသီးနဲ့ တပ်မဟာ၊ တပ်ရင်းအလိုက် ၁ နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်တွေရဲ့ လှုပ်ရှားမှုတွေကို အစီရင်ခံတာ၊ ဘဏ္ဍာရေး အစီရင်ခံစာ တင်သွင်းတာ၊ ၁ နှစ်တာ လုပ်ငန်းဆောင်ရွက်တာတွေအပေါ် ပြန်လည်သုံးသပ်တာနဲ့ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တပ်မဟာ ၄ ခုနဲ့ စစ်ဌာနချုပ်ရုံးရဲ့ တာဝန်ခွဲဝေယူတာတွေ၊ နယ်မြေသတ်မှတ်တာ၊ ငွေကြေးစီမံမှုဆိုင်ရာ ပေါ်လစီတွေ၊ နေ့ထူးနေ့မြတ်သတ်မှတ်တာ၊ စည်းမျဉ်းစည်းကမ်း စစ်ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ရေးအတွက် စစ်ဘက်ဆိုင်ရာ တရားရုံးကို တပ်မဟာအဆင့်၊ စစ်ဌာနချုပ်ရုံးအဆင့်နဲ့ Defense Council အဆင့်လို့ သတ်မှတ်ပြဋ္ဌာန်းပြီး အများပြည်သူ အားကိုးအားထားပြုထိုက်တဲ့ တပ်ဖွဲ့ဖြစ်နိုင်ရေးကို မူဝါဒတွေ ချမှတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

CNO/CNDF အနေနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တော်လှန်ရေး အင်အားစုတွေနဲ့အတူ ဆုံးခန်းတိုင်အောင် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013