DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု တရားမဝင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် ရန်ကုန်မြေပြင်တော်လှန်ရေး ရဲဘော်များ လှုံ့ဆော် (ရုပ်သံ)
DVB
·
January 12, 2023
စစ်အုပ်စု တရားမဝင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် ရန်ကုန်မြေပြင်တော်လှန်ရေး ရဲဘော်များ လှုံ့ဆော် (ရုပ်သံ)
Donate to DVB

အကြမ်းဖက်စစ်အုပ်စုက ဖိအားပေးကျင်းပဖို့ ပြင်ဆင်နေတဲ့ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ နိုင်ငံတဝန်းလုံးက တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက တိုက်တွန်းလှုံ့ဆော်နေကြရာမှာ ရန်ကုန်မြို့က မြေပြင်တော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Yangon Revolution Force – YRF လည်း ပါဝင်နေပါတယ်။

Yangon Revolution Force - YRF ရဲ့ Soft Strike Community က ရဲဘော်တွေဟာ ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ ပြည်သူတွေကို စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့နဲ့ တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ သတင်းစကားတွေကို ပြောဆိုကာ လှုံ့ဆော်လှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ မတရားလုယူအာဏာသိမ်းထားပြီး ပြည်သူလူထုကို နည်းလမ်းမျိုးစုံနဲ့ ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ကြားကနေ သူတို့ သက်ဆိုးရှည်အောင် တရားမဝင် အတုအယောင်ရွေးကောက်ပွဲတခုကို ကျင်းပပြုလုပ်ဖို့ ကြိုးပမ်းနေပြီး နိုင်ငံတကာကလည်း ဒီတရားမဝင်ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်း မရှိသလို ပြည်သူလူထုအနေနဲ့လည်း အယုံအကြည်မရှိကြပါဘူး။ ဒါကြောင့်မို့ ဒီ တရားမဝင်ရွေးကောက်ပွဲကို ပြည်သူလူထုအနေနဲ့ ဆက်လက်ဆန့်ကျင် သပိတ်မှောက်ကြဖို့နဲ့ တော်လှန်ရေးမှာ ရရာနည်းလမ်းနဲ့ ပါဝင်ကြပြီး တော်လှန်ရေးပန်းတိုင်ကို အတူတူ သွားရောက်နိုင်ကြဖို့ အသိဖြန့်ဝေလိုတာကြောင့် ခုလိုလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာလို့ Yangon Revolution Force – YRF အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ဒီလိုလှုပ်ရှားမှုပြုလုပ်တာဟာ မြေပြင်တော်လှန်ရေးရဲဘော်တွေအတွက်လည်း အလွန်အန္တရာယ်ရှိသလို အနားက ပြည်သူတွေအတွက်လည်း စိုးရိမ်မှုဖြစ်ပေါ်နိုင်တာကို နားလည်ပေမဲ့ ခုလို နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးနဲ့ပတ်သက်တဲ့ သတင်းစီးဆင်းမှုက အလွန်ပင်အရေးကြီးတာကြောင့် ပြည်သူလူထုဆီ ရရာနည်းလမ်းနဲ့ သတင်းဖြန့်ဝေတာ၊ လှုပ်ရှားမှုတွေ ပြုလုပ်ရတာလို့လည်း ပြောထားပါတယ်။

ဒါကြောင့်မို့ အင်တာနက်လူမှုကွန်ရက်ပေါ်မှာလည်း ပြည်သူလူထုအနေနဲ့ မိမိနာမည်မဟုတ်တဲ့ အကောင့်တွေနဲ့ တော်လှန်ရေးသတင်းတွေကို ဝေမျှတာ၊ တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ သတင်းတွေအောက်မှာ comment ပေးတာမျိုးတွေနဲ့လည်း သတင်းစီးဆင်းမှု ပိုမိုအားကောင်းအောင် ပံ့ပိုးနိုင်မယ်လို့ တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ပြည်သူတွေအနေနဲ့ ဇန်နဝါရီ ၉ ရက်ကနေ ၃၁ ရက်အထိ အကြမ်းဖက် ဖက်ဆစ်စစ်အုပ်စုရဲ့ တအိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ကို ငြင်းဆန်ပြီးတော့ မပူးပေါင်းကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

NUG အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက် မှာတော့ တအိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်း ကောက်ယူနိုင်ရေးအတွက် အားပေးအားမြှောက်ပြု ဆောင်ရွက်ကြတဲ့ အဆိုပါ အကြမ်းဖက် ဖက်စစ်စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးအဖွဲ့၊ လဝကအဖွဲ့တွေနဲ့ တခြား ဘယ်လိုဒေါက်တိုင်မဆို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပေမဲ့ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် မဲစာရင်းမှားတယ်လို့ အကြောင်းပြပြီး စစ်တပ်က တရားမဝင် အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် အဆုံးသတ်သွားခဲ့ပြီး မြန်မာနိုင်ငံအနှံ့အပြားမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာမှာ စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ် နိှမ်နင်းခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေက ခုတခါ အကြမ်းဖက် စစ်အုပ်စုက တဖက်သတ်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကိုလည်း ပြည်သူတရပ်လုံး ဆန့်ကျင်တိုက်ဖျက်ဖို့ တိုက်တွန်းထားပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လူဦရေးစာရင်း ကောက်ယူမှုနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့နဲ့ ခြိမ်းခြောက်မှုတွေရှိပါက သတင်းပေးပို့ တိုင်ကြားဖို့ တောင်းဆိုထားပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတဝန်းက လူဦးရေစာရင်းတွေကို eID ကွန်ပျူတာဒေတာစနစ်နဲ့ ကောက်ယူနေသလို တဖက်မှာလည်း မမှန်ဝါဒဖြန့် ရုပ်သံသတင်းမီဒီယာတွေဖြစ်တဲ့ မြန်မာ့အသံနဲ့ မြဝတီ ရုပ်မြင်သံကြားတို့ကတဆင့် (E-voting) အီလက်ထရွန်းနစ်နည်းနဲ့ မဲပေးတဲ့စနစ်ကို ပြည်သူလူထုသိအောင် ထုတ်လွှင့်ရှင်းလင်းနေတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013