DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံမြို့နယ်စည်ပင်ရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ
DVB
·
January 10, 2023
မင်္ဂလာဒုံမြို့နယ်စည်ပင်ရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် စျေးအနီးက မြို့နယ် စည်ပင်ရုံးကို ဒီကနေ့ ဇန်နဝါရီ ၁၀ ရက် ညနေ ၃ နာရီ၀န်းကျင်က Yangon Underground Force အဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီရဲ့ တရားမ၀င်‌‌ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူရာမှာ ပါ၀င်ကူညီပေးနေတဲ့ ထောက်ကြန့်စည်ပင်ရုံးအတွင်းက စစ်ကောင်စီတွေ နေရာယူထားတဲ့ ဘန်ကာအနီးကို လက်ပစ်ဗုံးတစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်တာတွေရှိတယ်လို့ Yangon Underground Force (YUF) ရဲ့ ဝာဝန်ခံ Leo က ပြောပါတယ်။

"အဓိက ကတော့ စစ်ကောင်စီရဲ့ ထောက်တိုင်ဖြစ်နေလို့ပါ။ စည်ပင်ရုံးဝင်းအတွင်းမှာ စခတွေ အမြဲရှိတဲ့ ဘန်ကာတွေထဲကို ပစ်ထည့်ခဲ့တာပါ။ ဘန်ကာတွေလည်းပျက်စီးသွားတယ်။ စခတွေ ထိခိုက်မှုကိုတော့ သေချာ မသိသေးပါဘူး။ ကျနော်တို့ ရဲဘော်တွေတော့ ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်ရှိနေပါပြီ" လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုတိုက်ခိုက်မှုက YUF အဖွဲ့အနေနဲ့ ၂၀၂၃ ခုနှစ်ရဲ့ ပထမဆုံးမစ်ရှင်ဖြစ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်တွေ မှန်သမျှကို ဖြိုချသွားမှာဖြစ်ပြီး မကြာခင်မှာ စစ်ကောင်စီစနစ်တခုလုံး ပြိုကျတော့မယ်လို့ ပြောပါတယ်။

တာဝန်ခံ Leo က "ဒီတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်တဲ့အတွက် အနိုင်အရှုံးကလည်း ပြည်သူတွေအပေါ်မှာမူတည်ပါတယ်ဗျ။ ပြည်သူတွေရဲ့ အကူအညီကြောင့် ကျနော်တို့တော်လှန်ရေးမီးတောက်ကြီးဟာအခုဆို အရှိန်အဟုန်ကောင်း ကောင်းနဲ့ စကစကို လောင်မြိုက်နေပါပြီ။ စကစ စနစ်တခုလုံး ပြာဖြစ်သွားဖို့ အချိန်သိပ်မကြာတော့ပါဘူး" လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ဆက်လက်တောင့်ခံပြီး ကူညီပေးကြဖို့နဲ့ စစ်ကောင်စီနဲ့ သူတို့ရဲ့လက်အောက်ခံအဖွဲ့တွေနဲ့ အဝေးမှာနေကြဖို့ကိုလည်း တိုက်တွန်း မေတ္တာ ရပ်ခံထားပါသေးတယ်။

ရန်ကုန် UG အဖွဲ့တွေအနေနဲ့ကလည်း စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲအတွက် ဘယ်နေရာကမဆို ပါဝင်နေသူတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့လည်း အဖွဲ့အသီးသီးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013