DVB Logo
Home
မြန်မာသတင်း
တာမွေမြို့နယ် စည်ပင်ရုံး  လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
December 11, 2024
တာမွေမြို့နယ် စည်ပင်ရုံး  လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်၊ တာမွေမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးကို ဒီဇင်ဘာ ၁၀ ရက် ညပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့  မြို့ခံတွေထံက သိရပါတယ်။

တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် မလွှကုန်းလမ်းနဲ့ ကျိုက္ကဆံလမ်းထောင့်ရှိ  စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း မနေ့ ည ၇ နာရီလောက်က  ဗုံးပေါက်ကွဲသံကြားခဲ့ရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

"မနေ့ညပိုင်းက ဗုံးပေါက်ကွဲသံလို တချက်ကြားလိုက်ရတာ။ ဗုံးပေါက်တဲ့အချိန် စည်ပင်ရုံးရှေ့ လမ်းဖြတ်လျှောက်နေတဲ့ ယောက်ကျားလေးတယောက်နဲ့ မိန်းကလေးတယောက်တော့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကြားတယ်။"

ဗုံးပေါက်ကွဲမှုကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတယောက် ဝမ်းဗိုက် ပေါက်ကွဲစ ထိမှန်ဒဏ်ရာနဲ့ အမျိုးသမီးတယောက် ညာဘက်ခြေသလုံး ပေါက်ကွဲစထိမှန်ဒဏ်ရာရရှိခဲ့ပြီး HYUNDAI အမျိုးအစား GRAND STAREX ကားတစီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ Freeland Attack Force–FLA နဲ့ Anonymoyus Fighters Force-AFF တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ကြောင်း Freeland Attack Froce ထံက သိရပါတယ်။

Freeland Attack Froce တာဝန်ရှိသူတဦးက"ကျနော်တို့ မြို့ပြပြောက်ကျား ပူးပေါင်းအဖွဲ့က လက်ပစ်ဗုံး အသုံးပြုပြီး စည်ပင်ရုံးဝင်းထဲကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ပစ်တဲ့အချိန်မှာလည်း  ရုံးဝန်းထဲမှာ စည်ပင်ဝန်ထမ်း ၃ ဦးရှိနေပါတယ်။  ၂ ဦးတော့ ထိခိုက်ဒဏ်ရာတွေရသွားတယ်"လို့ ပြောပါတယ်။

တာမွေစည်ပင်ဌာနက ဝန်ထမ်းတွေအနေနဲ့ မြို့နယ်အတွင်းရှိ ဈေးသည်တွေကို အတင်းအဓမ္မ ပိုက်ဆံကောက်ခံတာ၊ အာဏာအသုံးပြုပြီး ဖိနှိပ်တာနဲ့ စစ်ကောင်စီတပ်ရဲ့ ဧည့်စာရင်းကောက်ယူရာမှာ ထွေအုပ်နဲ့ ပူးပေါင်းပြီး လုံခြုံရေးရယူပေးတာတွေကြောင့် ပစ်ခတ်တိုက်ခိုက်တာလို့ Freeland Attack Force–FLA က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၃ ရက်ကလည်း တာမွေမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာန၊ EPC ဝင်းအတွင်းရှိ စစ်တပ်လုံခြုံရေး နှစ်ထပ်ဘန်ကာကို Freeland Attack Force – FLA နဲ့ ပူးပေါင်းအဖွဲ့က ဗုံး ၂ ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013