DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် ဆိုင်ကယ်များကို မတရားဖမ်းဆီး‌ငွေတောင်းနေသဖြင့် ပြည်သူများ အခက်ကြုံ
DVB
·
January 8, 2023
မြိတ်မြို့တွင် ဆိုင်ကယ်များကို မတရားဖမ်းဆီး‌ငွေတောင်းနေသဖြင့် ပြည်သူများ အခက်ကြုံ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် လမ်းဆုံလမ်းခွ နေရာအနှံ့အပြားမှာ လမ်းသွားလမ်းလာဆိုင်ကယ်တွေကို စစ်ကောင်စီတပ်က တရားဖမ်းဆီးနေပြီး ဒဏ်ကြေးငွေ အများအပြား ပေးဆောင်ခိုင်းနေတာကြောင့် ဒေသခံတွ အခက်အခဲကြုံနေကြတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

"အပြင်ကိုတောင် သိပ်ထွက်မရဲတော့ဘူး။ ရက်ခြားစီ ဖမ်း‌ဆီးတာမဟုတ်တော့ဘူး၊ ခုက နေ့တိုင်းကို ဆိုင်ကယ်တွေ ဖမ်းဆီး‌နေတာ။ အရင်က တခါမှ လာမဖမ်းဖူးတဲ့နေရာတောင် လာဖမ်းဆီးနေကြပြီ။ ဆိုင်ကယ်လိုင်စင်တွေ၊ ဦးထုပ်တို့၊ အနောက်ကြည့်မှန်တို့ ပါရင်တောင် သူတို့က ဘီးခွန်မပါလို့ဆိုပြီးတော့ ဖမ်းနေတာ။" 

ဒါ့အပြင် ဆိုင်ကယ်တွေ ဖမ်းဆီးရာမှာလည်း မတရားငွေတောင်းယူနေတာကြောင့် အခြေခံလူတန်းစားတွေ ထိခိုက်နစ်နာနေကြတယ်လို့ ဆိုပါတယ်။

"ဆိုင်ကယ်‌တွေ တနေ့ကို ဘယ်လောက်အထိ ဖမ်းဆီးရမယ်ဆိုတာတွေပါ ကြားနေရတယ်ဗျ။ အခုက ဆိုင်ကယ်လိုင်စင်ပါရင်လည်း ဖမ်းနေတာ၊ ဖမ်းမိရင် အနည်းဆုံးဒဏ်ငွေ ၃ဝ,ဝဝဝ ကျပ်အထိ ပေးနေရတယ်။ တချို့ဆို သိန်းဂဏန်းလောက်အထိကို ငွေညစ်တောင်းခံရတာ‌တွေ ကြုံနေကြရတယ်လို့ကြားတယ်။ ဒီကာလမှာ စားဝတ်‌နေရေးတောင် အခက်အခဲကြုံနေရတာ၊ ဒဏ်ငွေက ထပ်ရိုက်တော့ ပေးစရာပိုက်ဆံက ဘယ်ကရှာရမလဲ၊ မပေးရင်လည်း ဆိုင်ကယ်ကို သိမ်းထားဦးမှာပဲလေ" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြိတ်မြို့မှာ အခုလို မတရားဖမ်းဆီး ငွေညှစ်တောင်းခံတာတွေ ပိုများလာသလို ဆိုင်ကယ်တစီးမှာ နှစ်ယောက်စီးရင်လည်း ဖမ်းဆီးပြီး သိမ်းဆည်းတာတွေပါ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013