DVB Logo
Home
မြန်မာသတင်း
မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ တလအတွင်း ငါးမြစ်ချင်း တန်ချိန် ၇၀၀ ကျော်တင်ပို့
DVB
·
January 7, 2023
မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ တလအတွင်း ငါးမြစ်ချင်း တန်ချိန် ၇၀၀ ကျော်တင်ပို့
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဒီဇင်ဘာလအတွင်း ငါးမြစ်ချင်း တန်ချိန် ၇၀၀ လောက် အမေရိကန်ဒေါ်လာ ၈ သိန်းကျော်ဖိုး တင်ပို့ခဲ့​တယ်လို့ မောင်တောမြို့ခံ ကုန်သည်ကြီးတွေထံက သိရပါတယ်။

မောတောနယ်စပ်ကနေ ငါးမြစ်ချင်းတင်ပို့တဲ့ကုန်သည်တဦးက "မောင်တောက ဘင်္ဂလားဘက်ကို ငါးမြစ်ချင်းတင်ပို့နေတဲ့ ကုမ္ပဏီ ၃ ခုရှိတယ်။ တစ်ခုက တန်ချိန် ၂၅၀ လောက်တင်ပို့နိုင်ခဲ့တယ်။ ကျန်တစ်ခုက တန်ချိန် ၄၀၀ ကျော်နဲ့ နောက်တစ်ခုကတော့ တန်ချိန် ၁၅၀ ကျော် စုစုပေါင်း တန်ချိန် ၇၀၀ ကျော်လောက်တင်ပို့ခဲ့ကြတယ်။ တန်ဖိုးက အမေရိကန်ဒေါ်လာ  ၈ သိန်းကျော်ဖိုးလောက်ရှိမယ်”လို့  ပြောပါတယ်။

မောင်တောအငူမော်-ကားလမ်းကို ရက္ခိုင်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲကြောင့် ၂၀၂၂ ခုနှစ် သြဂုတ် ၁၃ ရက်က စတင်ပိတ်ထားခဲ့တာကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေး ကျဆင်းခဲ့ရပြီး နိုဝင်ဘာလမှာ  ကုန်သွယ်မှု ရပ်ဆိုင်းသွားတဲ့ ကျဆင်းသွားခဲ့ပါတယ်။

လေးလလောက်ပိတ်ထားခဲ့တဲ့ မောင်တော-အငူမော် ကားလမ်းကို စစ်ကောင်စီနဲ့ အေအေတို့ အပစ်ရပ်ပြီးနောက် နိုဝင်ဘာလ ၂၇ ရက်မှာ ပြန်လည်ဖွင့်ပေးခဲ့ပေမဲ့ ကုန်သည်တွေက ကုန်စည်တွေ အဆင်သင့်မရှိလို့ ဒီဇင်ဘာလလယ်လောက်မှသာ ကုန်သွယ်မှုပြန်စတင်နိုင်ခဲ့ကြပါတယ်။

ဒေသခံ ငါးမြစ်ချင်းကုန်သည်ကြီးတဦးက "လမ်းဖွင့်တာနဲ့ တခြားကုန်စည်တွေနဲ့ ငါးမြစ်ချင်းတွေက အဆင်သင့်မဖြစ်သေးတော့ ဒီဇင်ဘာလလယ်ပိုင်းလောက်မှာမှ စတင်ပို့နိုင်ခဲ့ကြတာဗျ။ တခြားကုန်တွေထက် ငါးမြစ်ချင်းက မောင်တောနယ်စပ်က အများဆုံးတင်ပို့နေရတာ”လို့ ပြေပါတယ်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဒီဇင်ဘာအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ကုန်နဲ့ တခြားကုန်စည်တွေတင်ပို့ခဲ့ရာ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ သန်းဖိုးလောက်ရှိတယ်လို့  မောင်တောမြို့ကုန်သည်ကြီးများအသင်းကနေ သိရပါတယ်။

၂၀၂၂ ခုနှစ် မေလမှာတော့ ငါးမြစ်ချင်းတင်ပို့မှု တန်ချိန် ၁၃၀၀ ကျော် တန်ဖိုးဒေါ်လာ ၁၆ သိန်းကျော်ဖိုးတင်ပို့နိုင်ခဲ့ပြီး ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဒသမ ၈၃  သန်းဖိုး ကုန်သွယ်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013