DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ်၌ ၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲ ၃၄၀ ကျော်ဖြစ်ပွား၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀၀ ခန့်သေဆုံး
DVB
·
January 6, 2023
ကရင်နီပြည်နယ်၌ ၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲ ၃၄၀ ကျော်ဖြစ်ပွား၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀၀ ခန့်သေဆုံး
Donate to DVB

ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ တနှစ်တာအတွင်း တိုက်ပွဲအကြိမ်ရေ ၃၄၀ ကျော်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က အယောက် ၈၀၀ နီးပါးသေဆုံးခဲ့ကာ ၉၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် KNDF အနေနဲ့ ပြီးခဲ့တဲ့ တနှစ်တာအတွင်းမှာ ကရင်နီတပ်မတော် (KA) အပါအဝင် တခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတူ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို အရှိန်အဟုန်မြှင့် တော်လှန်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ရှေ့တန်းတပ်စခန်း တချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်တွေဘက်ကလည်း ၂၀၂၂ ခုနှစ် တနှစ်တာအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၅၀ ကျော် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်းမြောက်များစွာ ပစ်ခတ် တိုက်ခိုက်ခဲ့ကြပြီး အရပ်သားပြည်သူ ၁၃ ယောက် သေဆုံးခဲ့ကာ ၆၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားနေအိမ်အဆောက်အဦ ၆၇ လုံး အပါ အဝင် ဘာသာရေးအဆောက်အဦ ၄ လုံး နဲ့ စေတီ ၁ ဆူ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က လက်နက်ငယ် ၃၃ လက်နဲ့ လက်နက်ကြီး ၇ လက်အပြင် ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့တဲ့အပြင် စစ်သုံ့ပန်း ၁၁ ယောက်ကို ဖမ်းဆီးရ မိခဲ့ပြီး တပ်မ ၆၆ အပါအဝင် နယ်မြေခံတပ်ရင်းတွေက စစ်ကောင်စီတပ်သား ၇ ယောက် ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM ပြုလုပ်ခဲ့ကြတယ်လို့ KNDF က ပြောပါတယ်။

KNDF ဘက်ကတော့ ရဲဘော် ၆၅ ယောက် ကျဆုံးခဲ့ရပြီး ကျဆုံးသွားတဲ့ ရဲဘော်များအားလုံးကို အာဇာနည်သူရဲကောင်းတွေအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်းနဲ့ ကျဆုံးအာဇာနည်ရဲဘော်တွေနဲ့ အ ရပ်သားပြည်သူတွေကို တိုင်တည်ပြီး အာဏာရှင်စနှစ် ပျက်သုဉ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

 နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013