DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုအဖြစ် “We Must Win” ကမ်ပိန်းပြုလုပ် (ဓာတ်ပုံ)
DVB
·
January 4, 2023
စစ်အာဏာရှင်ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုအဖြစ် “We Must Win” ကမ်ပိန်းပြုလုပ် (ဓာတ်ပုံ)
1 / 24
Donate to DVB

၂၀၂၃ နှစ်ဦးရဲ့ ပထမဆုံး Global Strike Campaign အဖြစ် “We Must Win” ကမ်ပိန်းကို နိုင်ငံခြားရောက် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်တွင်း တော်လှန်ရေးရဲဘော်တွေ ပူးပေါင်းပြုလုပ်ခဲ့ကြပါတယ်။

အခုကမ်ပိန်းကို Yangon Drone, Milk Tea Alliance Yangon နဲ့ Together with Satomi တို့ ပူးပေါင်းစီစဉ်ခဲ့ကြပြီး နိုင်ငံတကာရောက် မြန်မာတော်လှန်ရေးအင်အားစုတွေက ပူးပေါင်း ကူညီခဲ့ကြတာ ဖြစ်ပါတယ်။

ပါဝင်ခဲ့ကြတဲ့ နိုင်ငံတွေကတော့ မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ အင်္ဂလန်၊ ဂျပန်၊ ထိုင်ဝမ်၊ အမေရိကန်၊ ဗီယက်နမ်၊ အစ္စရေး၊ ကာတာ၊ ဂျာမနီ၊ အိုင်ယာလန်နဲ့ လွတ်မြောက်နယ်မြေမှ PDF ရဲဘော်တွေပဲ ဖြစ်ပါတယ်။

We must win, don't give up ဆိုတဲ့ စာသားကို ပုံဖော်ခဲ့ကြတာဖြစ်ပြီး တော်လှန်ရေးကို အားမ‌လျှော့ဖို့ အဆုံးထိတိုက်ယူဖို့၊ နိုင်ငံတကာရောက် မြန်မာပြည်သူများမှ ပြည်တွင်း တော်လှန်ရေးအင်အားစုတွေနဲ့ အတူရပ်တည်ပေးကြဖို့၊ ပြည်သူတွေအနေနဲ့လည်း အားမငယ်ဘဲ နိုင်ငံတကာက မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကူညီပေးနေတာကို သတိရကြဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013