DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်မည်
DVB
·
December 24, 2022
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်မည်
Donate to DVB

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီကကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် မဲစုရင်းပြုစုနိုင်ဖို့ ရခိုင်တပြည်နယ်လုံးရှိ လူဦးရေစာရင်းကို ဇန်နဝါရီ ၉ ရက်က စတင်ကာ အိမ်တိုင်ရာရောက် စာရင်းကောက်ယူသွားမယ်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာနကနေ သိရပါတယ်။

အိမ်တိုင်ရာရောက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ခံနိုင်ဖို့ နေပြည်တော်မှာ သင်တန်းတက်ရောက်လာသူတွေက နည်းပြပြုလုပ်ပြီး Working group တွေအတွက် ထပ်ဆင့်နည်းပြသင်တန်းကို ဒီဇင်ဘာ ၂၀ ရက်က စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ပြုလုပ်ပါတယ်။

မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတဦးက“အဓိကက လက်ရှိ လ.ဝ.က ရုံးမှာရှိနေတဲ့ လူဦးရေစာရင်းနဲ့ မြေပြင်မှာ လက်ရှိ နေထိုင်နေတဲ့ လူစာရင်းက မတူဘူး။ ကွာခြားမှာလေ။ ပြောင်းရွှေ့လာတဲ့သူတွေ ရှိတယ်။ ရွှေ့ပြောင်းသွားတဲ့သူတွေလည်း ရှိတယ်။ အဲဒါကြောင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူဖို့မှ ရမှာလေ။ ရခိုင်ပြည်နယ်က နေပြည်တော်မှာ သင်တန်းရောက်ခဲ့သူတွေက အခု စစ်တွေမှာ ထပ်ဆင့်သင်တန်းပို့ချနေကြတာ။ သတင်းတက်ရောက်ပြီး သူတို့ တာဝန်ကျနေတဲ့ မြို့ကို ပြန်ရောက်သွားရင်။ လ.ဝ.က နဲ့ ထွေအုပ်က ဝန်ထမ်းတွေကို ဆက်ပြီး ထပ်ဆင့်သင်တန်းကို သူတို့က သင်ပေးရမှာ”လို့ ပြောပါတယ်။

လူစာရင်းကောက်ယူမယ့် နည်းပြသင်တန်းသို့ ရခိုင်ပြည်နယ် အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့က သင်တန်းသူ၊ သင်တန်းသား ၁၀၉ ဦး တက်ရောက်နေတာပါ။

လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်ကစပြီး ရခိုင်တပြည်နယ်လုံး လူဦးရေစာရင်း ကွင်းဆင်းစာရင်း ကောက်ယူသွားမှာပါ။ တပြည်နယ်လုံးမှာ အဖွဲ့ပေါင်း ၁၂၉၀  မြေပြင်ကွင်းဆင်းကောက်ယူသွားမှာဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ၆၉၄၀ ဦးပါဝင်မှာဖြစ်ကြောင်း ရခိုင် ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သူ့ရဲ့လူမှုကွန်မှာ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေမှာ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆) တွေကို အဆင်မြင့်နည်းပညာနဲ့ e-ID Software အတွင်းသို့ ဖြည့်သွင်းထားရှိပြီး ဖြည့်သွင်းပြီး အိမ်ထောင်စုတွေကို Software မှ Print ထုတ်ယူကာ တအိမ်တက်ဆင်း စာရင်းကောက်မယ်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာနကနေ သိရပါတယ်။

ဓာတ်ပုံ- သင်တန်းဖွင့်ပွဲ အခမ်းအနား/ သိကြားစေချင် ငွေသဇင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013