DVB Logo
Home
မြန်မာသတင်း
တရုတ်နှင့်ကုန်သွယ်ရာလမ်းကြောတွင် စစ်ဆေးမှုတင်းကျပ်သဖြင့် ကားရာချီ ပိတ်မိနေ
DVB
·
December 23, 2022
တရုတ်နှင့်ကုန်သွယ်ရာလမ်းကြောတွင် စစ်ဆေးမှုတင်းကျပ်သဖြင့် ကားရာချီ ပိတ်မိနေ
Donate to DVB

မြန်မာနိုင်ငံ အရှေ့မြောက် စီးပွားရေးတံခါးပေါက်ရဲ့ အဓိကကုန်သွယ်ရာလမ်းကြောမှာ ဒီဇင်ဘာ ၂၁ ရက်ကစပြီး လမ်းကြောတလျှောက် စစ်ဆေးရေး တင်းကျပ်နေလို့ ကားတွေ ရာချီ ပိတ်ဆို့နေတယ်လို့ ကုန်သည်နဲ့ ကားသမားတွေဆီက သိရပါတယ်။

ယာဉ်မောင်းတဦးက “သီပေါ ကတ္တားမှာလည်း ကားတွေ တော်တော်ပိတ်ထားတယ်။ ရေပူမှာလည်း ပိတ်ထားတယ်။ ကျနော်ဆင်းခဲ့တုန်းက နမ့်ဖတ်ကာစစ်တပ်ရှေ့မှာလည်း ပိတ်တယ်။ ပိတ်ထားတယ်။ ပြီးတော့ ကွတ်ခိုင်မှာလည်း ပိတ်တယ်။ ရေပူလည်း ပိတ်တယ်။ သူတို့ ဘာတွေ ဇာတ်လမ်းရှုပ်နေလဲ မသိဘူး” လို့ ပြောပါတယ်။

၆ ဘီးကနေ တွဲကားအထိ ကုန်တင်ကားတွေအားလုံး ခါလီတွေပါ စစ်ဆေးနေပြီး ဒီဇင်ဘာ ၂၃ ရက် ဒီမနက်မှာတော့ လားရှိုးကတ္တားမှာ အဆင်းကုန်ကားတချို့ကို ဖမ်းဆီးထားပြီး အဆင်းကားတွေကို ပိတ်ထားသလို အတက်ကားတွေကိုလည်း သွားခွင့်မပြုဘူးလို့ ဆိုပါတယ်။

မန္တလေးအနီး ၁၆ မိုင်ဂိတ်မှာ ကားတန်းစီနေတဲ့ ယဉ်မောင်းတဦးက “ညကတည်းက တန်းနေရတာဗျ။ အဆင်းကားတွေစစ်တာ။ ပြောင်းကားတွေဆို အိတ်တွေလှန်ပြီး စစ်နေတာ။ သတင်းရလို့လို့ ပြောတာပဲ” လို့ ပြောပါတယ်။

သတင်းရလို့ဆိုပြီး စစ်‌ဆေး‌နေတဲ့အတွက် ကားတွေရာချီ ပိတ်မိစောင့်ဆိုင်းနေကြရကာ အရင်တုန်းကတော့ အခုလိုစစ်ဆေးတာ မရှိဘူးလို့ ဆိုပါတယ်။

ကုန်သည်တဦးကတော့ “ကားဖမ်းခံရတာက တချို့ ဂျူတီမဆောင်သွားတဲ့ကားတွေ ဖြစ်မှာပါ။ တချို့ လောပန်းတွေက ဂျူတီတဝက်၊ ကယ်ရီတဝက် သယ်တာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ပြည်ထောင်စုလမ်းမတကြောလုံး စစ်ဆေးရေး တင်းကျပ်နေတာတွေက လက်နက်တွေ ပါလာမှာစိုးလို့နဲ့ PDF တွေကို စစ်ချင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“အခုက ပြင်ဦးလွင်နဲ့ မန္တလေးကြားထဲမှာကို ဂိတ်က နှစ်ခု၊ သုံးခု တိုးလာပြီ။ မြန်မာနိုင်ငံ အရမ်းရှုပ်ထွေးသွားပြီ။ ဘယ်လိုမှန်း မသိတော့ဘူး။”

စစ်ဆေးမှုတွေကြောင့် ကြန့်ကြာကာ ကားတွေရာချီ ပိတ်မိ စောင့်ဆိုင်းကြရတာကြောင့် ယာဉ်မောင်းတွေလည်း အဆင်မပြေဘဲ အခက်အခဲတွေ ဖြစ်ကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆက်ကြေးဆောင်တဲ့သူတွေကိုလည်း ဖမ်းဆီးမယ်ဆိုတဲ့ သတင်းတွေလည်း ပျံ့နေတာကြောင့် နယ်စပ်ကုန်သည်၊ အုံနာ၊ ကားသမားတွေအနေနဲ့ နှစ်ဖက် ခြိမ်းခြောက် ဖိအားပေးမှုတွေ ရှိနေတာကြောင့် အခက်အခဲဖြစ်ကြရတဲ့အပြင် လုံခြုံရေးကိုလည်း စိုးရိမ်နေကြရတယ်လို့ နယ်စပ်ကုန်သွယ်ရေး အသိုက်အဝန်းကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013