DVB Logo
Home
မြန်မာသတင်း
NUG အစိုးရအား ဆန္ဒပြ မန္တလေးမဘသများကို တစ်တော့တင်ခဲ့သည့် အမျိုးသမီးတဦး ဖမ်းဆီး ခံရ
DVB
·
December 22, 2022
NUG အစိုးရအား ဆန္ဒပြ မန္တလေးမဘသများကို တစ်တော့တင်ခဲ့သည့် အမျိုးသမီးတဦး ဖမ်းဆီး ခံရ
1 / 2
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လုပ်ရပ်တွေကို နေ့စားယူပြီး ကန့်ကွက်ဆန္ဒပြခဲ့တဲ့ အမျိုးသားရေးလှုပ်ရှားသူတွေရဲ့ ရုပ်သံကို တစ်တော့မှာ တင်ခဲ့တဲ့ ချမ်းမြသာစည်မြို့နယ်က အမျိုးသမီးတစ်ဦး ဒီကနေ့ မနက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ချမ်းမြသာစည်မြို့နယ် ဘုရားကြီးအရှေဘက်မုခ်မှာ ဒီဇင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက အမျိုးသားရေးလှုပ်ရှားသူဦးဝီရသူဦးဆောင်ပြီး NUG၊PDF တွေကို ဆန့်ကျင်ဆန္ဒပြတဲ့ ရုပ်သံကို တစ်တော့ပေါ်မှာ တင်ခဲ့၍ ဖမ်းဆီးခံရတာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပတ္တမြားသုခသင်္ကန်နဲ့ နိဗ္ဗာန်ကုန်စုံဆိုင်က ကလေးမပါ၊ ဘာရယ်မဟုတ်ဘူး။ စစ်တပ်ကို ထောက်ခံသူတွေ တွေ့လို့ video ရိုက်ပြီး တစ်တော့မှာ တင်လိုက်တာ ဒလန်က သတင်းပေးလို့ လာဖမ်းသွားတာ။” 

အရပ်ဝတ်စစ်ကောင်စီတပ်သားတွေ အိမ်စီးကားနဲ့ ဒီကနေ့မနက် ရောက်လာပြီး လာခေါ်သွားတာလို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အခုထိတော့ စစ်နေတုန်းပဲရှိသေးတယ်လို့ ကြားတယ်၊ ဘယ်ကိုခေါ်သွားပြီး ဘယ်မှာစစ်လဲ မသိဘူး။” 

ဖမ်းဆီးခံရသူမှာ  ကန့်ဘလူမြို့နယ် ပင်သာကျေးရွာမှ မအေးသီရီခိုင်ဖြစ်ပြီး ချမ်းမြသာစည်မြို့နယ်မှာ အလုပ်လာလုပ်နေတာ လေးနှစ်လောက်ရှိပြီလို့ မြို့ခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013