DVB Logo
Home
မြန်မာသတင်း
မြိတ်-ရန်ကုန် ကားလမ်းပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များ အဓမ္မငွေတောင်းခံနေ
DVB
·
December 19, 2022
မြိတ်-ရန်ကုန် ကားလမ်းပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များ အဓမ္မငွေတောင်းခံနေ
Donate to DVB

တနင်္သာရီတိုင်းက မြိတ်-ရန်ကုန်ကားလမ်းပိုင်းတွေက စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ခရီးသည်တင်ကားတွေသာမက ကုန်ကားတွေကိုပါ စစ်ဆေးရေး တင်းကျပ်လာတဲ့အပြင် ငွေကြေး တောင်းခံတာတွေကြောင့် ငွေပေးပြီး သွားလာနေရတယ်လို့ ကုန်ကားသမားတွေက ပြောပါတယ်။ 

အရင်က မြိတ်-ထားဝယ်လမ်းပိုင်းတွေမှာ မြို့ဝင်ကြေးကိုသာ အဓိက ပေးရပေမဲ့ လက်ရှိမှာတော့ စစ်တပ်ရှိတဲ့ စစ်ဆေးရေးဂိတ်တွေမှာ ကုန်ကားတွေကို အိတ်ဖောက် စစ်ဆေးနေသလို ငွေကြေး အလွန်အကျွံတောင်းတာတွေ ရှိလာနေတယ်လို့ ကုန်ကားမောင်းသူ တဦးက ပြောပါတယ်။

“ဂိတ်တခုကို ကျပ် ၄၀၀၀ မှ ၅၀၀၀ အထိ ပေးနေရတာပါ။ မြိတ်ကနေ ရန်ကုန်အထိဆိုရင် ဂိတ်တွေက များတော့ တွက်ကြည့်ပေါ့။”

အခုလို စစ်တပ်စစ်ဆေးရေး ဂိတ်တွေမှာ ကုန်ကားတွေ စစ်ဆေးခံနေရတာကြောင့် အချိန်ကြန့်ကြာမှု ဖြစ်ပေါ်လာသလို့ ငွေကြေးကုန်ကျမှုတွေလည်း များလာတာကြောင့် လုပ်ငန်း တချို့မှာ အခက်အခဲတွေ ကြုံတွေ့နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013