ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ပင်လယ်ကွေ့ဒေသလုံခြုံရေး ယူကရိန်း ဒရုန်းနည်းပညာ မျှဝေနိုင်ဖို့ မတ် ၂၆ ရက်မှာ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိလာပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ပင်လယ်ကွေ့ဒေသလုံခြုံရေး ယူကရိန်း ဒရုန်းနည်းပညာ မျှဝေနိုင်ဖို့ မတ် ၂၆ ရက်မှာ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။
ဇလန်းစကီးက “အရေးကြီးတဲ့အစည်းအဝေးတွေ စီစဉ်ထားပါတယ်။ လုံခြုံရေးသေချာစေဖို့ ကျနော်တို့နဲ့ အတူလက်တွဲလုပ်ဖို့ အသင့်ဖြစ်နေတဲ့သူတွေရဲ့ ပံ့ပိုးမှုကို ကျနော်တို့ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ကလည်း သူတို့ကို ပံ့ပိုးနေပါတယ်” လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဥရောပ အပါအဝင် ကမ္ဘာ့စွမ်းအင်လုံခြုံရေးဟာ ပင်လယ်ကွေ့ဒေသရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေအပေါ် အများကြီး မူတည်နေတယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင် ယူကရိန်းမှာ ဒရုန်းထုတ်လုပ်တဲ့ နည်းပညာသက်သက် မဟုတ်ဘဲ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေနဲ့ တွဲဖက်အသုံးပြုတဲ့ လက်တွေ့အတွေ့အကြုံတွေ ရှိတယ်လို့လည်း ရှင်းပြပါတယ်။
အပြန်အလှန်အနေနဲ့ ရုရှားရဲ့ကျူးကျော်မှုကို ကာကွယ်ဖို့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီကနေ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ အကူအညီရဖို့ သူက မျှော်လင့်နေပါတယ်။
ပင်လယ်ကွေ့နိုင်ငံတချို့က ယူကရိန်းဒရုန်းကုမ္ပဏီတွေကို အကူအညီတောင်းထားပေမဲ့ အစိုးရက ခွင့်ပြုချက် မပေးသေးဘူးလို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။










