DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး အာဆီယံ၏ကြိုးပမ်းမှုကို အီးယူထောက်ခံ
DVB
·
December 16, 2022
မြန်မာ့အရေး အာဆီယံ၏ကြိုးပမ်းမှုကို အီးယူထောက်ခံ
Donate to DVB

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်နေမှုတွေအပေါ် ဆက်လက်ထောက်ခံသွားမယ်လို့  ဥရောပသမဂ္ဂ(အီးယူ)က ကတိပြုလိုက်ပါတယ်။ 

အီးယူ-အာဆီယံ ထိပ်သီးအစည်းအဝေးကို ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မှာ ဒီဇင်ဘာ ၁၄ ရက်ကစတင် ကျင်းပခဲ့တာဖြစ်ပြီး ဥရောပနဲ့  အရှေ့တောင်အာရှဒေသနှစ်ခုမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေ ဆွေးနွေးခဲ့ရာမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးလည်း ထည့်သွင်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာအာဏာသိမ်းစစ်ကောင်စီကိုတော့  ဖိတ်ကြားခြင်း မရှိခဲ့ဘဲ အာဆီယံ ၉ နိုင်ငံနဲ့ အီးယူ ၂၇ နိုင်ငံက ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံက အကျပ်အတည်းတွေအတွက် အမှန်တကယ် စိုးရိမ်ပူပန်မိပါတယ်လို့ ဘရပ်ဆဲလ်မြို့ အစည်းအဝေးအပြီးထုတ်ပြန်တဲ့  ပူးတွဲကြေညာချက်မှာ တွေ့ရပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ်ဆာခွန်းက အီးယူရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးကော်မတီ တံခါးပိတ်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားခဲ့ရာမှာ  မြန်မာနိုင်ငံက တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်တွေစတင်ဖို့ အခက်အခဲရှိကြောင်းနဲ့ ဒုတိယအကြိမ် ခရီးစဉ်ကျရင် ပါဝင်ဆွေးနွေးနိုင်ဖို့ တံခါးဖွင့်ထား‌ကြောင်း ပြောခဲ့တယ်လို့ ဖနွမ်ပင်ပို့စ် ကမ္ဘောဒီးယားသတင်းစာမှာ ရေးပါတယ်။

အစည်းအဝေးတက်ရောက်ခဲ့တဲ့ ခေါင်းဆောင်တွေက ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတွေအတွက် ကတိပြုခဲ့ကာ မြန်မာနိုင်ငံက ဖမ်းဆီးခံ နိုင်ငံခြားသားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပြီး အကြမ်းဖက်မှုတွေကို ‌ရပ်တန့်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၊ အထူးသံတမန်ရဲ့ လုပ်ဆောင်မှုတွေ အပါအဝင် မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းကို ပံ့ပိုးပေးဖို့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးအပိုင်းမှာ ယုံကြည်ချက်အပြည့်နဲ့ အီးယူက ဆက်လက်ထောက်ခံသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ခွဲခြားဆက်ဆံခြင်းတွေမရှိဘဲ အကူအညီတကယ်လိုအပ်နေတွေ အပါအဝင် မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထိထိရောက်ရောက် ပေးပို့ဆောင်ရွက်ခဲ့ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အီးယူ- အာဆီယံအဖွဲ့နှစ်ခုအနေနဲ့ ရခိုင်ဒေသက အသိုက်အဝန်းတွေအားလုံးအတွက် ဘေးကင်းလုံခြုံရေးကို မြန်မာစစ်ကောင်စီက အာမခံချက်ပေးဖို့ လေးလေးနက်နက်ပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် - မြန်မာ နှစ်နိုင်ငံသဘောတူညီချက်အရ နေရပ်ပြန်လိုသူတွေဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးကိုလည်း တောင်းဆိုခဲ့ကြ ပါ‌သေးတယ်။

မြန်မာ့နိုင်ငံ‌ရေးတက်ကြွလှုပ်ရှားသူ အတိုက်အခံ ၄ ဦးကို ဇူလိုင်လက သေဒဏ်ပေးမှုကို ကန့်ကွက်ရှုတ်ချခဲ့ပြီး အာဆီယံပဋိညာဉ်စာတမ်းမှာပါတဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့် ကတိကဝတ်တွေကို ထင်ရှားစေတဲ့ ငြိမ်းချမ်းရေးအဖြေကိုရှာဖို့ အားလုံးက နှစ်ဆတိုးပြီး ကြိုးစား အားထုတ်သွားမှာတယ်လို့လည်း ပူးတွဲကြေညာချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ ကူညီရာမှာ အာဆီယံအထူးသံတမန်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ပံ့ပိုးပေးဖို့ကိုလည်း ပြောကြားခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref- Phnom penh Post

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013