DVB Logo
Home
မြန်မာသတင်း
မြိတ်ကျွန်းစုထွက် ကင်းဖိုကင်းမ (ခ) ဗီလားများ ထိုင်းနိုင်ငံက အဝယ်လိုက်နေ
DVB
·
December 13, 2022
မြိတ်ကျွန်းစုထွက် ကင်းဖိုကင်းမ (ခ) ဗီလားများ ထိုင်းနိုင်ငံက အဝယ်လိုက်နေ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊‌ ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ထွက်ပစ္စည်းဖြစ်တဲ့ ဒေသအခေါ် ကင်းဖိုကင်းမ(ခ)ဗီလားတွေ ထိုင်းနိုင်ငံဘက် အဓိက တင်ပို့ရောင်းချနေကြောင်း မြိတ်မြို့ ရေထွက်ပစ္စည်းရောင်းဝယ်သူတွေဆီက သိရပါတယ်။

လက်ရှိမှာ ဒေသအခေါ် ကင်းဖိုကင်းမ (ခ) ဗီလားတွေ အရောင်းအဝယ်တက်နေပြီး အရွယ်အစားအလိုက် ဝယ်ယူမှုတွေရှိကာ ဂရမ် ၅၀၀ အထက် တကောင်ကို ကျပ် ၁၃,၀၀၀ ဖြစ်ပြီး ဂရမ် ၄၀၀ အထက် တကောင်ကိုတော့ ကျပ် ၈,၀၀၀ ပေါက်ဈေးရှိကာ ထိုင်းဘတ်ငွေနဲ့ တကောင်ကို ဘတ် ၂၀၀ မှ ၃၀၀ အထိ ရရှိတယ်လို့ မြိတ်ဒေသ ရေထွက်ပစ္စည်းရောင်းဝယ်သူဆီက သိရပါတယ်။

မြိတ်‌မြို့ ရေထွက်ပစ္စည်းအရောင်းအဝယ်ဒိုင်တဦးက “လက်ရှိ ထိုင်းကိုပို့တာမှာ ရေလမ်းက‌နေရော ကားလမ်းက‌နေရော ပို့ပါတယ်။ အ‌ကောင်အရွယ်အစားအပေါ် မူတည်ပြီးတော့ ဈေးနှုန်းသတ်မှတ်ကြတယ်။ ကီလိုနဲ့ဝယ်တာရှိသလို အကောင်လိုက်လည်း ဝယ်တယ်” လို့ ပြောပါတယ်။

လက်ရှိ ကင်းဖိုကင်းမ(ခ)ဗီလား အရောင်းအဝယ်နဲ့ပတ်သက်ပြီး မြိတ်မြို့ ရေထွက်ပစ္စည်းရောင်းဝယ်သူတဦးက “ဈေးကတော့ ကောင်းပါတယ်။ သူတို့ကတော့ အထီးတွေကို မဝယ်ဘူး၊ အမတွေကိုပဲ ဝယ်တယ်။ အမတွေမှာတောင် ဥပါတဲ့ အမတွေကိုပဲ ဝယ်ကြတယ်” လို့ ပြောပါတယ်။

အခုလို ထိုင်းဈေးကွက်ကနေ ဝယ်ယူနေတာကြောင့် ကျွန်းစုဒေသရှိ ပင်လယ်ကျေးရွာ‌တချို့မှာ စားဝတ်နေရေးအတွက် တဖက်တလမ်းက‌နေ အထောက်အကူဖြစ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013