DVB Logo
Home
မြန်မာသတင်း
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး၌ မြန်မာ့အရေး ဆွေးနွေးမည်
DVB
·
July 21, 2026
Photo: ASEAN
Photo: ASEAN
Donate to DVB

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ  ၅၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇူလိုင် ၂၁ ရက် ဒီကနေ့မနက် စတင် ကျင်းပနေပြီး ဒီအစည်းဝေးအတွင်း မြန်မာ့အရေးလည်း ပါဝင်မယ်လို့ သိရပါတယ်။

ဒီအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံ‌ရေးရာ ပြောရေးဆိုခွင့်ရှိသူ ဒိုမီနစ်ဇေးဗီးယားက ဇူလိုင် ၂၀ ရက်မှာ ပြုလုပ်တဲ့ အကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

“ဆွေးနွေးမှုတွေမှာ အမြဲတမ်း ပါဝင်နေတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံအရေးအတွက် သီးခြားအလွတ်သဘော တိုင်ပင်ဆွေးနွေးမှုတခု ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် သေချာပေါက် ဆွေးနွေးမှုတွေထဲမှာ ပါဝင်မှာ ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။ ဒါပေမဲ့ အတိအကျကိုတော့ ထုတ်ပြောခဲ့တာ မရှိပါဘူး။

(၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ ကို ဇူလိုင် ၂၀ ရက်ကနေ ၂၄ ရက်အထိကျင်းပမှာဖြစ်ပြီး  မြန်မာစစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရဘဲ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း တက်ရောက်လာပါတယ်။

အာဆီယံအနေနဲ့ မြန်မာစစ်တပ်တင်မကဘဲ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံနေကြောင်း ပြောသလို အစည်းအဝေးတွေကနေ ဘယ်လို ဆုံးဖြတ်ထွက်လာပါစေ၊ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်စွဲကိုင်ထားတဲ့အကြောင်း ဒိုမီနစ်ဇေးဗီးယားက ပြောပါတယ်။

အစည်းဝေးမစတင်မီ ဇူလိုင် ၂၀ ရက်မှာပဲ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေအထောက်အထားပြဖို့နဲ့ နိုင်ကျဉ်းတွေအားလုံးကို ပြန်လွှတ်ဖို့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ထပ်မံတောင်းဆိုခဲ့ပါတယ်။

မနီလာမှာ ဇူလိုင် ၂၁ ကနေ ၂၄ ရက်အထိ ကျင်းပမဲ့ အစည်းအဝေးတွေထဲ အာဆီယံနိုင်ငံတွေတင် မကဘဲ အမေရိကန်၊ တရုတ်၊ ရုရှား အပါအဝင် ဆွေးနွေးဖက် ၁၁ နိုင်ငံနဲ့ တနိုင်ငံချင်းစီ တွေ့ဆုံ ဆွေးနွေးကြဖို့လည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013