DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ဖမ်းဆီးသွားသည့် ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်
DVB
·
December 5, 2022
စစ်ကောင်စီက ဖမ်းဆီးသွားသည့် ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်
Donate to DVB

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ဒီဇင်ဘာ ၅ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ  ပြန်လွှတ်ပေးခဲ့တယ်လို့ KBC နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မန္တလေးလေဆိပ်မှာ ဒီဇင်ဘာ ၄ ရက် ညနေပိုင်းက ထိုင်းနိုင်ငံကို ကျန်းမာရေးအတွက် ဆေးကုမှုခံယူဖို့အသွား စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးခဲ့ပြီး နောက် တရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

KBC နဲ့ နီးစပ်တဲ့ ကချင်ဒေသခံတစ်ဦးက “မြစ်ကြီးနားလေယာဉ်နဲ့ ပြန်လာ‌နေပြီလို့ သိရတယ်။ ဖမ်းခံရတယ်ဆိုတာ ကြားတော့ အားလုံးစိတ်ပူနေကြတာ”လို့ ပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ မြစ်ကြီးနားမြို့ကနေ လေယာဉ်နဲ့ မန္တလေးမြို့ကို ခရီးသွားဖေါ် ၂ ဦးနဲ့ အတူသွားရောက်စဉ် မန္တလေးလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ခရီးသွားဖေါ်ဦး ၂ ကိုတော့ ဆက်လက်ထွက်ခွာခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်တပ်ဘက်ကသူတွေ လာခေါ်သွားတာလို့ သူနဲ့ နီးစပ်တဲ့ ဓမ္မဆရာတဦးက ပြောကြားခဲ့ပေမဲ့ ဘာကြောင့် ဖမ်းဆီးတယ်၊ ဘယ်မှာဖမ်းဆီးခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ အတွင်းရေးမှူးတာဝန်နဲ့ ဥက္ကဋ္ဌ တာဝန်ယူခဲ့ဖူးပြီး   ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့(WMR)မှာ ဥက္ကဋ္ဌ တာဝန် ယူထားသူဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013