DVB Logo
Home
မြန်မာသတင်း
ကချင်နှစ်ခြင်းခရစ်ယာန် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် ဖမ်းဆီးခံရ
DVB
·
December 5, 2022
ကချင်နှစ်ခြင်းခရစ်ယာန် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် ဖမ်းဆီးခံရ
Donate to DVB

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို မန္တလေးနိုင်ငံတကာလေဆိပ်မှာ ဒီဇင်ဘာ ၅ ရက် ဒီနေ့ မနက် ၉ နာရီခွဲလောက်က  စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ 

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဆေးစစ်သွားဖို့အတွက် မန္တလေးလေဆိပ်က အထွက်မှာ စစ်ဆေးမေးမြန်းခံရပြီး ထိန်းသိမ်းခေါ်ဆောင်သွားခံရတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ 

လက်ရှိအချိန်ထိ အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်ပြီး သူကို စစ်ကောင်စီက ဘာကြောင့် ဖမ်းဆီးသွားတယ်၊ ဘယ်ကိုခေါ်ဆောင်သွားလဲဆိုတာ လတ်တလော မသိရသေးပါဘူး။

ဒေါက်တာခလမ်ဆမ်ဆွန်နဲ့ နီးစပ်တဲ့ KBC ဓမ္မဆရာ တစ်ဦးက"ဘန်ကောက်ကို ဆေးကုဖို့ အသွား မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆရာကြီးကို စစ်တပ်ဘက်ကသူတွေ လာခေါ်သွားတာ။ အဖမ်းခံရတာပေါ့။ ခုထိတော့ ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိရသေးဘူး "လို့ ပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ တခြားသူနှစ်ဦးနဲ့အတူ ဘန်ကောက်မြို့ကို သွားရောက်ဖို့ ရှိနေတာဖြစ်ပြီး မန္တလေးလေဆိပ်မှာ ဒေါက်တာခလမ်ဆမ်ဆွန်တယောက်တည်းကိုသာ စစ်ကောင်စီက စစ်ဆေးမေးမြန်းစရာရှိလို့ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ အတွင်းရေးမှူးတာဝန်နဲ့ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့(WMR)မှာ ဥက္ကဋ္ဌ တာဝန် ယူထားသူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013