DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်
DVB
·
December 4, 2022
ဒီးမော့ဆိုတွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်
Donate to DVB

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၃ ရက်မှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့၀င်တွေက ပြောပါတယ်။

ဒီး‌မော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားတဲ့ သေးဆူလဲစခန်းကို နိုဝင်ဘာ ၂၉ ရက်က  ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်တာကြောင့် ဒီဇင်ဘာ ၁ ရက်မှာ စစ်ကောင်စီတပ်က သေးဆူလဲနဲ့ ကုန်းသာကျေးရွာမှာရှိတဲ့ စခန်း ၂ ခုကို စွန့်ခွာထွက်ပြေးသွားလို့ PDF တပ်ပေါင်းစုတွေက နယ်မြေတချို့ကို သိမ်းပိုက်ခိုက်ခဲ့ပါတယ်။

ဒီဇင်ဘာ ၃ ရက်မှာတော့  စစ်တပ်က စွန့်ခွာသွားတဲ့နေမြေတွေကို လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူယူပြီး ကြည်းတပ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ပြန်ဆင်လာတာလို့ PDF တပ်ဖွဲ့၀င်တွေက ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက “စစ်တပ်က ဒေါ့ကမီးရွာနားက ကြဖူးဒေါမှာ စစ်ကြောင်း သုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတယ်။ လက်နက်ကြီးတွေလည်း အဆက်မပြတ်ပစ်တယ်။ လေကြောင်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်တယ်။ တိုက်ပွဲပြင်းထန်နေတယ်။ စစ်ရေးကတော့ ဆက်လက်တင်းမာနေတယ်” လို့ ပြောပါတယ်။

လက်ရှိ ဒီးမော့ဆိုမြို့နယ်အတွင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို KA, KNDF, DMO-Local PDF, KRU နဲ့ တခြားမဟာမိတ်တပ်ဖွဲ့တွေက ခုခံတွန်းလှန်နေတာဖြစ်ပြီး DMO-Local PDFက ရဲဘော် နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ငွေတောင်ခြေစိုက် ခလရ(၁၀၂)တပ်ရင်းနဲ့ အမတ (၃၅၆) တပ်ရင်းက လက်နက်ကြီးတွေ တနေကုန်ပစ်ကူပေးခဲ့ပါတယ်။

စစ်ကောင်စီဘက်က အထိအခိုက်များလို့ တိုက်လေယာဉ် ၂ စီးနဲ့ ညနေ ၄ နာရီဝန်းကျင်မှာ ၈ ကြိမ်ခန့် ၊ ညနေ ၅ နာရီမှာ ၃ ကြိမ်ခန့် စုစုပေါင်း ၁၁ ကြိမ်လောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ပစ်ခတ်တိုက် ဒေသဆုံး ဒဏ်ရာရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်း ထုတ်ပြန်တာမရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013