DVB Logo
Home
မြန်မာသတင်း
တာဝေးပစ်ရော့ကက်နှင့် ပခုံးထမ်းလောင်ချာ ရေနံသာ-PDF ထုတ်လုပ်အောင်မြင်
DVB
·
November 24, 2022
တာဝေးပစ်ရော့ကက်နှင့် ပခုံးထမ်းလောင်ချာ ရေနံသာ-PDF ထုတ်လုပ်အောင်မြင်
Donate to DVB

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရေနံသာ-PDF က တာဝေးပစ် ရော့ကက်တမျိုးနဲ့ ဗုံးသီး ၂ မျိုးနဲ့ ပစ်ခတ်လို့ရတဲ့ ပခုံးထမ်းလောင်ချာ စမ်းသပ်ထုတ်လုပ် အောင်မြင်ခဲ့တယ်လို့ ရေနံသာ-PDF ကနေ သိရပါတယ်။

ပစ်မှတ်ကို ၃ မိုင်ခွဲလောက်အထိ တိကျစွာ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ရော့ကက်တမျိုးနဲ့ ပခုံးထမ်း ဗုံးပစ်လောင်ချာနဲ့ ရှေ့ထွက်မိုင်းတွေ စမ်းသပ်ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ ရေနံသာ-PDF ရဲ့ လက်နက်ထုတ်လုပ်ရေးတာဝန်ခံ ကိုဖန်ခါးက ဒီဗွီဘီကို ပြောပါတယ်။

ဗုံးသီး ၂ မျိုးနဲ့ ပစ်ခတ်လို့ရတဲ့ ပခုံးထမ်း ဗုံးပစ်လောင်ချာရဲ့ ကုန်ကျစရိတ်က ၁၅၀,၀၀၀ ကျပ်လောက်ရှိပြီး ကျည်ဆန်တတောင့်ကို ၅,၀၀၀ နဲ့ ၆,၀၀၀ ကျပ်ကြား၊ ကျကွဲကျည်ကတော့ ၁၀,၀၀၀ ကျပ်နဲ့ ၁၂,၀၀၀ ကျပ်ကြား၊ တာဝေးပစ်ရော့ကက်ကျည်ကတော့ တလုံးကို ၂၀၀,၀၀၀ ကျပ်လောက်နဲ့ ရှေ့ထွက်မိုင်းတလုံးကို ၁၅၀,၀၀၀ ကျပ်လောက် ကုန်ကျတယ်လို့ ဆိုပါတယ်။

ဒီလက်နက်ခဲယမ်းတွေ ထုတ်လုပ်နိုင်ဖို့ ၃ လကျော် စမ်းသပ်ခဲ့ရပြီး ကုန်ကြမ်းပစ္စည်း ရှာဖွေရတာတွေ၊ ထုတ်လုပ်ရေးပိုင်းမှာ ငွေရေးကြေးရေး ဘတ်ဂျက် အခက်အခဲတွေ ရှိနေတယ်လို့ ကိုဖန်ခါးက ပြောပါတယ်။

လက်နက်လုပ်ရာမှာ ထုတ်လုပ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိပေမဲ့ ပခုံးထမ်းလောင်ချာကို ကိုယ်တိုင်စမ်းသပ်ရင်း နှပ်ရိုးကျိုးသွားလို့ CDM ဆရာဝန်တွေ၊ ဆရာမတွေက ဆေးကုသပေးခဲ့သေးတယ်လို့ ဆိုပါတယ်။

ရေနံသာ-PDF တပ်ခွဲမှူး ကိုဗလက “ရှေ့ထွက်မိုင်းတွေကတော့ တော်လှန်ရေးတပ်ဖွဲ့တိုင်း သိပါတယ်။ ပခုံးထမ်း ဗုံးပစ်လောင်ချာအနေနဲ့ကတော့ သူတို့ဘက်က သေနတ် ၅ လက်စာလောက်ကို တလက်တည်းနဲ့ ခံပစ်လို့ရတယ်။ နောက်ထပ်ဗုံးသီးတမျိုးကတော့ သူတို့ရဲ့ အဆောက်အဦတွေ၊ ဘန်ကာတွေကို ပစ်ခတ်ဖြိုခွင်းနိုင်တယ်။ တာဝေးပစ် ရော့ကက်ကတော့ အဝေးကနေ ၃ မိုင်ခွဲ၊ ၄ မိုင်လောက်အထိ လှမ်းပစ်လို့ရတာကြောင့် တော်လှန်ရေးအတွက် များစွာအထောက်ကူပြုတယ်” လို့ ပြောပါတယ်။

တာဝေးပစ် ရော့ကက်တွေကိုတော့ လက်တွေ့ စစ်မြေပြင်မှာ အသုံးပြုနေပြီး ပခုံးထမ်းလောင်ချာကတော့ ထုတ်လုပ်အောင်မြင်ပြီး ကုန်ကြမ်းရှာဖွေရတာ မလွယ်ကူသလို ဘတ်ဂျက်မရှိတာကြောင့် ဆက်လက်ထုတ်လုပ်နိုင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ပခုံးထမ်းလောင်ချာ ထုတ်လုပ်တဲ့ နည်းပညာတွေကို ဆာလင်းကြီးမြို့နယ်ဘက်မှာ မျှဝေပေးခဲ့ပြီး လက်နက်ခဲယမ်းတွေ ထပ်မံထုတ်လုပ်ပြီးရင်တော့ ညီနောင်မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေကို ပြန်လည်ဖြန့်ဝေပေးသွားမယ်လို့ ကိုဗလက ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်အင်အား အလုံးအရင်းအသုံးပြုပြီး ထိုးစစ်ဆင်ကာ နယ်မြေ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013