DVB Logo
Home
မြန်မာသတင်း
မြိုင်နှင့်ပေါက်မြို့နယ်က ရွာ ၂ ရွာကို စစ်တပ်က နှစ်ရက်ဆက် မီးရှို့၊ အိမ်ခြေ ၂၃၀ ကျော် ဆုံးရှုံး
DVB
·
November 22, 2022
မြိုင်နှင့်ပေါက်မြို့နယ်က ရွာ ၂ ရွာကို စစ်တပ်က နှစ်ရက်ဆက် မီးရှို့၊ အိမ်ခြေ ၂၃၀ ကျော် ဆုံးရှုံး
Donate to DVB

မကွေးတိုင်း မြိုင်နဲ့ ပေါက်မြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၃၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ် ဗဟင်းကျေးရွာကို နိုဝင်ဘာ ၂၁ ရက် မနက် ၉ နာရီလောက်က စပြီး စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ခဲ့လို့ နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဗဟင်းကျေးရွာသားတဦးက ပြောပါတယ်။

“အင်အား ၁၀၀ လောက်နဲ့ နိုဝင်ဘာ ၂၀ ရက်မှာ ဝင်လာတယ်။ ညအိပ်စခန်းချပြီး မနေ့ မနက်ပိုင်းမှာ မီးရှို့ခဲ့တာ။ အိမ်ခြေ ဘယ်လောက် မီးလောင်တယ်ဆိုတာကိုတော့ ရွာထဲ ဝင် မကြည့်ရသေးဘူး။ ဗဟင်းနဲ့ ထနောင်းကုန်းက ရွာချင်းဆက်။ အိမ်ခြေ ၁၀၀၀ ကျော် လောက် ရှိတယ်။ ဒီနေ့မနက်ပိုင်တော့ အဲဒီစစ်ကြောင်းက ရွာထဲက ပြန်ထွက်နေပြီလို့ သတင်းကြားတယ်”

နိုဝင်ဘာ ၂၀ ရက်ကလည်း ပေါက်မြို့နယ် ကျွန်းတိုင်းရွာကို နိုဝင်ဘာ ၂၀ ရက် ညနေ ၃ နာရီ ကျော်လောက်မှာ တကြိမ်၊ နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ တကြိမ် မီးရှို့ခဲ့လို့ အိမ်ခြေ ၂၃၀ ကျော်  မီးလောင်ခဲ့တယ်လို့ ကျွန်းတိုင်းရွာခံ တဦးက ပြောပါတယ်။

ပေါက်မြို့နယ်မှာ နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ကျွန်းတိုင်းရွာနားမှ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက် ၆ ယောက် သေဆုံးကာ ၉ ယောက်လောက် ဒဏ်ရာရပြီး အထိနာသွားတဲ့အတွက် ကျွန်းတိုင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာ လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013