DVB Logo
Home
မြန်မာသတင်း
အလှမယ်ဟန်လေး အပါအဝင် ကနေဒါရောက်မြန်မာများ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ
DVB
·
November 20, 2022
အလှမယ်ဟန်လေး အပါအဝင် ကနေဒါရောက်မြန်မာများ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ
1 / 2
Donate to DVB

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒ ထုတ်ဖော်ပွဲကို ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့ရှိ မြို့တော်ခန်းမရှေ့မှာ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၉ ရက် စနေနေ့ မွန်းလွဲပိုင်းက ကျင်းပသွားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီဟာ စစ်လေယာဉ်တွေနဲ့ အရပ်သားပြည်သူတွေရဲ့ ရပ်ကွက်ကျေးရွာလူနေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်တာ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာ၊ အပြစ်မဲ့ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ ပြုလုပ်နေတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြတာ လို့ ဆန္ဒပွဲစီစဉ်တဲ့ တိုရန်တိုရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေကဆိုပါတယ်။

ဒီဆန္ဒပြပွဲမှာ မြန်မာအလှမယ် ဟန်လေးအပါအဝင် ကနေဒါရောက် မြန်မာပြည်ဖွားတိုင်းရင်းသား ပေါင်းစုံ စုပေါင်းပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013