DVB Logo
Home
မြန်မာသတင်း
“မသောက်မိသော မိုးခါးရေ” ရုပ်ရှင် ကနေဒါနိုင်ငံ အက်မွန်တန်မြို့တွင်ပြသ၊ အလှမယ်ဟန်လေး လာရောက်အားပေး 
DVB
·
December 4, 2022
“မသောက်မိသော မိုးခါးရေ” ရုပ်ရှင် ကနေဒါနိုင်ငံ အက်မွန်တန်မြို့တွင်ပြသ၊ အလှမယ်ဟန်လေး လာရောက်အားပေး 
1 / 2
Donate to DVB

ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့   “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို  ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်၊ အက်မွန်တန်မြို့မှာ ဒေသအချိန် ဒီဇင်ဘာ ၃ ရက်က ပြသခဲ့ရာမှာ အလှမယ် ဟန်လေးအပါအဝင် ကနေဒါရောက် မြန်မာပြည်ဖွားတိုင်းရင်းသားတွေက ရာသီဥတု မကောင်းတဲ့ကြားက လာရောက် ကြည့်ရှုအားပေးခဲ့ကြပါတယ်။ 

National Unity of Ethnic Groups of Myanmar အဖွဲ့က ဦးဆောင်စီစဉ်ပြသတဲ့  ရုပ်ရှင်ပြပွဲကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ ကိုရီးယားမှတက်ကြွလှုပ်ရှားသူ မရွှေမိုး နဲ့ CDM ဗိုလ်ကြီး လင်းထက်အောင်တို့ကလည်း အွန်လိုင်းကနေ အမှာစကားတွေ ပြောကြားခဲ့ပါတယ်။

ကနေဒါနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာအလှမယ်ဟန်လေးကလည်း ဒီပွဲကို ကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့ပြီး အားပေးစကားတွေ ပြောကြားသွားခဲ့ပါတယ်။

ရန်ပုံငွေရုပ်ရှင်ပွဲက ရလာတဲ့ အလှူငွေတွေကို မြန်မာနိုင်ငံအနှံ့ အရေးပေါ်လိုအပ်နေတဲ့ နေရာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ( MOD) မှတဆင့် ညှိနှိုင်းပြီး အမြန်ဆုံး‌ပေးအပ်လှူဒါန်းသွားမယ်လို့ ပွဲစီစဉ်သူတွေထံက သိရါတယ်။

“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို  CDM စစ်ဗိုလ်တစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး   ဒါရိုက်တာ ကိုပေါက်က တောတွင်းတစ်နေရာမှာ ဖုန်းကင်မရာကိုအသုံးပြု ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို ကနေဒါနိုင်ငံ ဗန်ကူးဗား၊ တိုရန်တိုမြို့တွေမှာပြသခဲ့ပြီးဖြစ်လို ကမ္ဘာတဝန်း မြို့ပေါင်း ၃၀ ကျော်မှာ ပွဲပေါင်း ၅၀ ကျော်ပြသခဲ့ပြီးလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013