DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းအကျဉ်းထောင်များမှ ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်အပါအဝင် အကျဉ်းသား ၁၀၅ ဦး ပြန်လွတ်
DVB
·
November 17, 2022
တနင်္သာရီတိုင်းအကျဉ်းထောင်များမှ ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်အပါအဝင် အကျဉ်းသား ၁၀၅ ဦး ပြန်လွတ်
Donate to DVB

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စစ်ကောင်စီက အကျဉ်းသားတွေ ဒီနေ့ ပြန်လွှတ်ပေးတဲ့အထဲမှာ တနင်္သာရီတိုင်း အကျဉ်းထောင်တွေကနေ  ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်အပါအဝင်  အကျဉ်းသား ၁၀၅ ဦး ပြန်လည်လွတ်မြောက်လာပါတယ်။ 

စစ်ကောင်စီက‌ နိုင်ငံတဝန်းအကျဉ်းသား ၅၇၀၀  ကျော်ကို  အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ခွင့်နဲ့ ပြန်လွှတ်ပေးမယ်လို့ ဒီကနေ့ ကြေညာထားခဲ့ပြီး တနင်္သာရီတိုင်းမှာရှိတဲ့ အကျဉ်းထောင် ၃ ခုနဲ့ ရဲဘက်စခန်းတခုကနေ အကျဉ်းသားစုစုပေါင်း ၁၀၅ ဦးကို ပြန်လွှတ်ပေးခဲ့တာပါ။

ဒီအထဲမှာ အဂတိလိုက်စားမှုနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်လည်း ပြန်လည်လွတ်မြောက်လာတယ်လို့ စစ်ကောင်စီခန့် ဝန်ကြီးတစ်ယောက်က အတည်ပြု ပြောပါတယ်။ 

ထားဝယ်အကျဉ်းထောင်ကနေ ပုဒ်မ ၅၀၅ (က) နဲ့အကျဉ်းကျခံနေရသူ ၄ ဦးနဲ့ တခြားအမှု ၂၈ ဦး ၊ မြိတ်အကျဉ်းထောင်ကနေ ပုဒ်မ ၅၀၅(က) နဲ့ ပြစ်ဒဏ်ကျနေသူ ၃ ဦးနဲ့ တခြားအမှု ၃၇ ဦး၊ ကော့သောင်း အကျဉ်းထောင်ကနေ ပုဒ်မ၅၀၅(က) အကျဉ်းသား ၅ ဦးနဲ့ တခြားအမှုနဲ့  ၁၅ ဦး၊ ရှင်ဖြူရှင်ရဲဘက်စခန်းကနေ တခြားအမှုနဲ့ ၁၃ ဦးတို့ လွတ်မြောက်လာတယ်လို့ စစ်ကောင်စီခန့် ဝန်ကြီးတစ်ဦးက ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းမှာ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ၊ ကျောင်းသားကျောင်းသူတွေ၊ CDM ဝန်ထမ်းတွေကို စစ်ကောင်စီက မတရားပုဒ်မတွေနဲ့ ဖမ်းဆီး တရားစွဲဆိုခဲ့တဲ့အတွက် ထောင်ချခံနေရသူ စုစုပေါင်း ၁၀၀၀ ကျော်ရှိတယ်လို့ တနင်္သာရီတိုင်းအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့အထိ  တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးအချုပ်အနှောင်ခံခဲ့ရတဲ့ အရပ်သားပြည်သူ  ၁၃၀၀၀ ကျော်ရှိခဲ့တယ်လို့လည်း   AAPP ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013