DVB Logo
Home
မြန်မာသတင်း
သိမ်ဖြူလမ်းမပေါ်ရှိ Money Changer တခု ဓားပြတိုက်ခံရ
DVB
·
November 12, 2022
သိမ်ဖြူလမ်းမပေါ်ရှိ Money Changer တခု ဓားပြတိုက်ခံရ
Donate to DVB

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ဖို့မြေရပ်ကွက် သိမ်ဖြူလမ်းမပေါ်ရှိ  Money Changer တခုကို ဒီကနေ့ ညနေလေးနာရီကျော်မှာ အမည်မသိအမျိုးသားငါးဦးက သေနတ်ပြ ဓားပြတိုက်ခဲ့ရာ ငွေသိန်းရာနဲ့ချီ ပါသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ညနေ လေးနာရီကျော်က သိမ်ဖြူလမ်းမပေါ်ရှိ Ye Min Aung   Money Changer ဆိုင်ကို ကားအဖြူရောင်တစီးနဲ့ အမည်မသိ လူငါးဦးရောက်လာပြီး မန်နေဂျာနဲ့ဝန်ထမ်းတွေကို သေနတ်ပြ ဓားပြတိုက်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"သူတို့ဆိုင်က လူငါးဦးလောက်ပဲရှိတာ၊ ဓားပြတိုက်တဲ့သူတွေ ထွက်ပြေးသွားမှ ရပ်ကွက်က ဓားပြတိုက်ခံရမှန်းသိတာ၊ သိန်းရာနဲ့ချီပြီး ပါသွားတယ်ကြားတယ်။"

Ye Min Aung   Money Changer ဓားပြတိုက်ခံရတဲ့ သတင်းမှာ မှန်ကန်ပြီး ငွေကျပ်သိန်း ၃၀၀ နဲ့ ဖုန်းတလုံး ပါသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"သူတို့က ငါးယောက်လာတာ၊ တယောက်ကကားပေါ်မှာနေခဲ့တယ်၊ လေးယောက်က ဆိုင်ထဲဝင်ပြီး ဓားပြတိုက်တာ၊ မန်နေဂျာက မပေးဘူး၊ ကောင်တာမှန်ကို ရိုက်ခွဲပြီးယူသွားတာ။"

လက်တလော ဓားပြတိုက်ခံရတဲ့ အဆိုပါငွေလွဲဆိုင်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးမေးမြန်းနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဓားပြတိုက်မှုနဲ့ လုယက်မှုအချို့ဖြစ်ခဲ့ပြီး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်လည်းရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013