DVB Logo
Home
မြန်မာသတင်း
မူဆယ်နှင့် ၁၀၅ မိုင်ကြားတွင် တွဲကားမှောက်၊ သံချောင်းများပိပြီး ၁ ဦး သေဆုံး
DVB
·
November 12, 2022
မူဆယ်နှင့် ၁၀၅ မိုင်ကြားတွင် တွဲကားမှောက်၊ သံချောင်းများပိပြီး ၁ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် - မြန်မာ နယ်စပ်၊ မူဆယ်နဲ့ ၁၀၅ မိုင်ကြားမှာ နိုဝင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းက တွဲကားမှောက်ပြီး ကားပေါ်ပါလာတဲ့ သံချောင်းတွေပြန်ပိကာ ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရတယ်လို့ ပရဟိတအသင်းက ပြောပါတယ်။

"စပါယ်ယာတော့မသေဘူး။ ဒရိုင်ဘာသေသွားတယ်" လို့ အကူအညီပေးခဲ့သူတဦးက ပြောပါတယ်။ 

သေဆုံးသူမှာ နှဖူး၊ ဦးခေါင်းနဲ့ ဝမ်းဗိုက်၊ ခြေထောက်နဲ့ လက်တွေမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။

ဒဏ်ရာရာသူနဲ့ သေဆုံးသူကိုတော့ မူဆယ်နှလုံးလှ ပရဟိတအသင်းက မူဆယ်ဆေးရုံကို ကူညီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

"ဘယ်က ဘယ်သူမှန်းတော့ မသိရသေးဘူး။ သေဆုံးသွားသူကိုတော့ ဒီနေ့ သင်္ဂြိုဟ်မှာ" လို့ နှလုံးလှပရဟိတအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ကုန်တင်ယာဉ်မောင်း တဦးက "သံပိုက်တွေတင်တဲ့ကားဆိုရင် ဝမ်တိန်က ပဲ ထွက်လာမှာလေ။ ... Speed များလို့ထင်တယ်။ weight များလို့လဲရင် အသာလေးပဲ လဲမှာလေ" လို့ ရှင်းပြပါတယ်။ 

ယာဉ်မောင်းတွေအနေနဲ့ အမြဲ သတိ နဲ့  မောင်းနှင်စေချင်တယ်လို့ ဆိုပါတယ်။ 

သံထည်ပစ္စည်း‌တွေက တရုတ်ဘက် ဝမ်တိန်ဘက်ကနေ မြန်မာဘက်ကို  တင်သွင်းနေတာလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013