DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် တက္ကသိုလ်သစ် စစ်ကောင်စီ ဖွင့်လှစ်၊ ပညာရေးမြို့တော်အဖြစ် လမ်းခင်းနေဟုဆို
DVB
·
November 10, 2022
နေပြည်တော်တွင် တက္ကသိုလ်သစ် စစ်ကောင်စီ ဖွင့်လှစ်၊ ပညာရေးမြို့တော်အဖြစ် လမ်းခင်းနေဟုဆို
Donate to DVB

ဇမ္ဗူသီရိမြို့နယ်မှာ Naypyitaw State Academy နာမည်နဲ့ တက္ကသိုလ်တစ်ခုကို ဖွင့်လှစ်လိုက်ပြီးနောက်မှာ နေပြည်တော်ကို ပညာရေးမြို့တော်အဖြစ် လမ်းခင်းနေတယ်လို့ အာဏာသိမ်း  စစ်ခေါင်းဆောင်က ပြောကြားလိုက်တယ်။

စစ်ကောင်စီအနေနဲ့ Naypyitaw State Academy စီမံကိန်းကို အခုနှစ်ဧပြီလက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာမှာ ဖွင့်လှစ်နိုင်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က " နေပြည်တော်တွင်လည်း သစ်တောတက္ကသိုလ် ၊စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနဲ့ ကုသရေးတက္ကသိုလ်တို့ရှိပြီး  ပညာရေးမြို့တော်အဖြစ် လမ်းခင်းနေပြီ ဖြစ်တယ်"လို့ပြောတဲ့ အကြောင်း စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

Naypyitaw State Academy ကို ဝန်ထမ်းသားသမီးတွေနဲ့ နေပြည်တော် ဒေသအတွင်းနေထိုင်သူတွေ အဓိကတက်ရောက်နိုင်ဖို့အတွက်  ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

လိုအပ်တဲ့ Facilities တွေကို ဖြည့်ဆည်းပြီး တကယ်တော်တဲ့ ဆရာတွေကို သင်ကြားစေကာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့လို အဆင့်မြင့်တက္ကသိုလ်ဖြစ်အောင် ဆောင်ရွက်မယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် တိုင်းနဲ့ပြည်နယ်တစ်ခုစီမှာလည်း  အနည်းဆုံးတက္ကသိုလ်တစ်ခုမှာ ပါရဂူဘွဲ့ချီးမြှင့်နိုင်တဲ့ သင်တန်းတစ်ခုဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ရမယ်လို့လည်း စစ်ခေါင်းဆောင်က ဆိုပါတယ်။ 

အခုဖွင့်လှစ်မယ့် Naypyitaw State Academy  အပါအဝင် ပညာရေးဝန်ကြီးဌာနအောက်မှာ တက္ကသိုလ်၊ ဒီဂရီကောလိပ် ၇၅ ကျောင်းနဲ့ ဝန်ကြီးဌာန ၁၁ ခုရဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းတွေ အပါအဝင် စုစုပေါင်း ၁၇၅ ကျောင်းဖွင့်လှစ် သင်ကြား နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ နေပြည်တော်မှာ တက္ကသိုလ်သစ် ဖွင့်လှစ်ခဲ့သလို မြန်မာနိုင်ငံတဝန်းမှာ တက္ကသိုလ်နဲ့ ကောလိပ်တွေ ပြန်ဖွင့်လှစ်နေရာမှာ ကျောင်းပြန်တက်နေသူတွေရှိသလို  စစ်ကျွန် ပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းမတက်ဘဲ သပိတ်မှောက်နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ CDM ဆရာ ဆရာမတွေလည်း  နိုင်ငံတဝန်း သန်းနဲ့ချီရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ကာလဟာ နှစ်နှစ်နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ကဏ္ဍတွေ အသီးသီးမှာ ဘက်ပေါင်းစုံက ချွတ်ခြုံကျ ယိုယွင်းပျက်စီးလာနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013