DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနား မီးရထားဝင်းအတွင်း နေထိုင်သည့်ပြည်သူများကို စစ်ကောင်စီ နှင်ထုတ်
DVB
·
November 10, 2022
မြစ်ကြီးနား မီးရထားဝင်းအတွင်း နေထိုင်သည့်ပြည်သူများကို စစ်ကောင်စီ နှင်ထုတ်
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မီးရထားဝင်းအတွင်း နေထိုင်တဲ့ ပြည်သူတွေကို  စစ်ကောင်စီက နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းတဲ့အတွက် အခက်အခဲဖြစ်နေကြတယ်လို့ မီးရထားဝင်းအတွင်း နေထိုင်သူတွေက ပြောပါတယ်။

လက်နက်အပြည့်အစုံနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက်နဲ့ မီးရထားဝန်ထမ်းက အောက်တိုဘာ ၂ ရက်က ကျူးကျော်နေထိုင်သူတွေလို့ အကြောင်းပြကာ အိမ်ခြေ ၂၅၀ လောက်ကို အသိပေးကြေညာစာတွေ လိုက်လံပေးဝေပြီး ဖယ်ရှား နှင်ထုတ်ခဲ့တာပါ။

မီးရထားဝင်းအတွင်း နေထိုင်သူတယောက်က “နိုဝင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားဖို့ စစ်ကောင်စီတပ်ဖွဲ့နဲ့ မီးရထားဝန်ထမ်း တဦးက အကြောင်းကြားစာ လိုက်ဝေတာ။ ဝန်ထမ်း ဟုတ်ဟုတ် မဟုတ်ဟုတ် ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားပေးဖို့ စာလိုက်ဝေတယ်။ တနည်းပြောရရင် နှင်ထုတ်တာပေါ့။ ဒီလိုကာလမှာ ဖယ်ရှားခိုင်းတာက အတော်လေး အခက်အခဲဖြစ်တယ်။ လိုင်းခန်းတွေနဲ့ ဆိုင်ခန်းတွဲတွေတော့ ဖယ်ရှားဖို့ စာဝေတာ မတွေ့ဘူး” လို့ ပြောပါတယ်။

အခုလို အတင်းအကျပ် ဖယ်ခိုင်းနေတဲ့အတွက် မီးရထားဝင်းအတွင်း ဆောက်လုပ်ထားတဲ့ နေအိမ် ၂၅၀ လောက်မှာ နေထိုင်တဲ့ ဝန်ထမ်းတွေနဲ့ မိသားစုတွေ အခက်အခဲနဲ့ ကြုံတွေ့နေကြရပါတယ်။

မီးရထားဝန်ထမ်းဟောင်းတယောက်က “ဒီရထားဝင်းထဲမှာက CDM ဝန်ထမ်းတွေကော Non CDM ဝန်ထမ်းတွေကော နေကြတယ်။ အဲဒါကို ကျူးအဖြစ်သတ်မှတ်ပြီး ဖယ်ရှားခိုင်းတာ။ ဒီမှာက အတော်လေးကို အခက်အခဲဖြစ်နေတာ။ တချို့ဝန်ထမ်းဟောင်းတွေဆို အပြင်မှာ ကျပန်းလုပ်စားနေရတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနား မီးရထားဝင်းအတွင်း နေထိုင်တဲ့ CDM ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က လည်း တပတ်အတွင်း ပြောင်းရွှေ့ဖို့ နို့တစ်စာထုတ်ခဲ့ဖူးပြီး တခြားနေရာတွေကို ပြောင်းရွှေ့နေထိုင်တဲ့ ဝန်ထမ်းတွေရှိသလို အခက်အခဲ အမျိုးမျိုးကြောင့် ရထားဝင်းအတွင်း ဆက်လ်က နေထိုင်နေကြသူတွေလည်း ရှိနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း  မြစ်ကြီးနားဘူတာမှာ CDM ပြုလုပ်ထားတဲ့အတွက် ဝန်ထမ်းအဖြစ်က ထုတ်ပယ်ခံထားရသူ မီးရထားဝန်ထမ်း ၁၀၀ နီးပါးလောက် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013