DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် ၂၀၂၃ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက စည်းရုံးနေ
DVB
·
November 9, 2022
ကလေးမြို့တွင် ၂၀၂၃ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက စည်းရုံးနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့သာရပ်ကွက်မှာ နိုဝင်ဘာ ၉ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်သားတွေ၊ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ တပ်ထောက်ခံသူတွေက အစည်းအဝေးဆိုပြီး ၂၀၂၃ ရွေးကောက်ပွဲအတွက် စည်းရုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ တပ်ထောက်ခံသူတွေ ရပ်ကွက်အတွင်းကို သုံးဘီးနဲ့လှည့်လည်ကာ စစ်‌ကြောင်း မြို့ပေါ်ရောက်ရှိလာပြီ၊ တအိမ်လျှင် တယောက် အိမ်ထောင်ဦးစီးကိုယ်တိုင် အစည်းအဝေးကို မဖြစ်မနေ တက်ရောက်ရမယ်လို့ အသံချဲ့စက်နဲ့ အော်ခဲ့ကြောင်း မြို့သာရပ်ကွက် ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

“မြို့ပေါ်ကို စစ်ကြောင်းရောက်နေပြီပြောတယ်။ ဘာအဓိပ္ပာယ်လဲ ဆိုတာတော့ သိပ်နားမလည်ဘူး။ အစည်းအဝေးဆိုလို့ မဖြစ်မနေ တက်ရမယ်ပြောလို့ ကြောက်ကြောက်နဲ့ တက်ခဲ့ရတာ။”

အဲ့ဒီအစည်းအဝေးကို မြို့သာဘုန်းကြီးကျောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက လုံခြုံရေးယူကာ စစ်ဗိုလ်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ၂၀၂၃ မှာ ရွေးကောက်ပွဲရှိတာကြောင့် မှတ်ပုံတင်မရှိတဲ့သူတွေ လုပ်ဆောင်ထားကြဖို့၊ အသက်ပြည့်တဲ့သူတိုင်း မဲပေးနိုင်ရေး၊ ကျောင်းသားတွေကို ကျောင်းထားကြဖို့၊ မြို့နယ်တည်ငြိမ်အေးချမ်းဖို့ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း‌ ဟောပြောခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး ထိုးစစ်မဆင်ရဲတော့တာကြောင့် မြို့ပေါ်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားနေတာဖြစ်တယ်လို့ ကလေး PDF အဖွဲ့ဝင်တယောက်က ပြောပါတယ်။

စစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ဒီမိုကရေစီအင်အားစုတွေနဲ့ နိုင်ငံတကာက အတုအယောင် ရွေးကောက်ပွဲအဖြစ် သတ်မှတ်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013