DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့မရဲစခန်းကို ဒေသခံ PDF ဝင်တိုက်ခိုက်
DVB
·
November 5, 2022
ပုလဲမြို့မရဲစခန်းကို  ဒေသခံ PDF ဝင်တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့မရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေထံကနေသိရပါတယ်။

ပုလဲစစ်ကောင်စီစခန်းကို နိုဝင်ဘာ ၃ ရက် ည ၁၀ နာရီကျော်က  တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးခဲ့တယ်လို့ ‌ဒေသခံ PDF ကပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဆားလင်းကြီး တွေ့ရာသင်္ချိုင်း ဓားမဆိုင်း အဖွဲ့ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က “တိုက်ပွဲကတော့ ပြင်းထန်တယ်။ ပထမစခန်းကို ဝင်ပစ်တယ်။ အလှစ်ဝင်ပစ်ဝာာဆိုတော့ သူတို့ဘက်က ပြန်ပစ်ချိန် မရဘူး။ အဲအချိန်ပစ်တာ ၅ ဦး သေဆုံး‌တယ်။ ဆုတ်တက်စနစ်နဲ့ ပစ်တာဆိုတော့ ကိုယ်ဘက်ကပစ်ပြီး နောက်ဆုတ်တယ်။ နောက် လက်နက်ကြီးနဲ့ အဝေးပစ် လုပ်ခဲ့တယ်။ ကိုယ်ဘက်ကတော့ အကျဆုံးအထိခိုက် မရှိခဲ့ဘူး”လို့ ပြောပါတယ်။

ဆာလင်းကြီးတွေ့ရာသင်္ချိုင်းဓားမဆိုင်းအဖွဲ့ဟာ NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ယင်းမာပင်ခရိုင်၊ တပ်ရင်း-၂၈အဖြစ် တရားဝင် အသိမှတ်ပြုခံထားရတဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013