
အင်္ဂလန်အသင်းရဲ့ ညာနောက်ခံလူ ချယ်လ်ဆီးကစားသမား ရိစ်ဂျိမ်းစ်ဟာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့တာ ကြောင့် ပနားမားနဲ့ ကစားမဲ့ အုပ်စုနောက်ဆုံးပွဲကို လွဲချော်တော့မှာပါ။
ရိစ်ဂျိမ်းစ်ဟာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ပွဲစဉ်အတွက် ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝအောင် ကြိုးစား နေရတာ ဖြစ်ပါတယ်။
ရိစ်ဂျိမ်းစ်ဟာ သောကြာနေ့က အသင်းနဲ့အတူ လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့ပါဘူး။ သူကိုယ်တိုင်က တော့ ဒီဒဏ်ရာက ပြင်းထန်မှာ မဟုတ်ဘူးလို့ ယုံကြည်နေပေမဲ့ နည်းပြ တူချယ်လ်ကတော့ စိုးရိမ်နေတာပါ။
ရာသီကုန်ပိုင်းမှာလည်း ပေါင်ခြံဒဏ်ရာကြောင့် ၆ ပတ်နီးပါး အနားယူခဲ့ရဖူးပါတယ်။ အင်္ဂလန် အသင်းမှာ သူ့လို ညာနောက်ခံလူ အစားထိုး ကစားသမားရှားပါးနေတာကြောင့် နည်းပြ တူချယ်လ် အတွက် ခေါင်းခဲစရာ ဖြစ်နေပါတယ်။
အင်္ဂလန်နည်းပြ သောမတ်စ်တူချယ်လ်ကလည်း ရီးစ်ဂျိမ်းစ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် ပနားမားနဲ့ ကမ္ဘာ့ဖလားပွဲကို လွဲချော်မယ်လို့ အတည်ပြုလိုက်ပါတယ်။
ဂျိမ်းစ်ရဲ့ ဒဏ်ရာအပြင် တီနိုလီဗရာမန်တိုလည်း ခြေသလုံးဒဏ်ရာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။ ဒါကြောင့် တူချယ်လ်ရဲ့ နောက်ခံလူရွေးချယ်မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
တူချယ်လ်ကတော့ သူ့ရဲ့ နောက်ခံလူရွေးချယ်မှုအပေါ် ကျေနပ်ကြောင်း ပြောပါတယ်။ အဓိက ကစားသမားတွေ မပါဝင်နိုင်ရင်လည်း အဖြေရှာရမှာဖြစ်ကြောင်း ဆိုပါတယ်။
ဂျိမ်းစ်ရဲ့ ဒဏ်ရာက သိပ်မပြင်းထန်ဘဲ ပြန်လည်သက်သာလာရင် နောက်တဆင့်ပွဲတွေမှာ ပါဝင်နိုင်မယ်လို့ တူချယ်လ်က မျှော်လင့်နေပါတယ်။
ဘူကာယို ဆာကာ၊ ဒီကလန်ရိုက်စ်နဲ့ အဲလီးယော့ အန်ဒါဆန်တို့ကတော့ ပနားမားနဲ့ပွဲအတွက် အသင့် ဖြစ်နေကြောင်း သိရပါတယ်။ ဒီပွဲနိုင်ရင် အင်္ဂလန်က အုပ်စုဗိုလ်နေရာကနေ နောက်တဆင့် ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
Photo:Reuters











