ထရန့် အာနိုးလ်က ကွင်းလယ်လူမဟုတ်ဟု နည်းပြ မော်ရင်ဟို ပြော
DVB
·
September 9, 2026

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ အင်တာမီလန်အသင်းကို ၂ ဂိုး - ၁ ဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ထရန့် အာနိုးလ်ကို ကွင်းလယ်မှာ ပွဲထုတ်ခဲ့ပေမဲ့ သူဟာ ကွင်းလယ်လူမဟုတ်ကြောင်း ရီးရဲလ်မက်ဒရစ် နည်းပြ မော်ရင်ဟိုက ပြောလိုက်ပါတယ်။
ကာမာဗင်ဂါ၊ ဂူးလာနဲ့ ဘာနာဒို ဆေးလ်ဗားတို့ ပွဲပယ်ခံထားရတာကြောင့် အာနိုးလ်ကို ကွင်းလယ်မှာ အဓိက အသုံးပြုခဲ့ရတာပါ။
အာနိုးလ်ရဲ့ ကြိုးစားအားထုတ်မှုကို မော်ရင်ဟိုက ချီးကျူးခဲ့ပေမဲ့ ပုံမှန်ကွင်းလယ်လူအဖြစ် အသုံးပြုသွားမှာ မဟုတ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။
Photo:Reuters











