ဒီနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ဂျာမန်အင်အားကြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒက်စ်လီဂါ ၂ အသင်းတသင်းဖြစ်တဲ့ အော်စနာဘက်ခ်အသင်းတို့ပွဲမှာ ဘိုင်ယန်က ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ပွဲချိန်အစ ၅ မိနစ်မှာ အော်စနာဘက်ခ်တို့ တိုက်စစ်မှူး ရော်ဘင်မိုက်စ်နာရဲ့ အဝေးကန်ချက်နဲ့ ဦးဆောင်ဂိုးရခဲ့ပေမဲ့ ဘိုင်ယန်တိုက်စစ်ကို မထိန်းနိုင်ဘဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရတာပါ။
ဘိုင်ယန်အတွက် ချေပဂိုးကို တိုက်စစ်မှူး ဟယ်ရီကိန်းက ၁၈ မိနစ်မှာ သွင်းယူခဲ့ပြီး ၂၄ မိနစ်မှာ တွန်ဘစ်ချော့ဖ်က အနိုင်ဂိုးနဲ့ ၇၃ မိနစ်မှာ မိုက်ကယ် အိုလစ်စီက ဒုတိယအနိုင်ဂိုး သွင်းခဲ့တာပါ။
ပွဲချိန် ၈၆ မိနစ်မှာတော့ ဘိုင်ယန်တို့ ရခဲ့တဲ့ ပင်နယ်တီကို ဟယ်ရီကိန်းကပဲ ကန်သွင်းပြီး ပွဲအပြီးမှာ ဘိုင်ယန်တို့ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။











