DVB Logo
Home
မြန်မာသတင်း
ဖားကန့်အကျဉ်းထောင်မှ အလွတ်တန်းသတင်းထောက် ၁ ဦးနှင့် နိုင်ငံရေးအကျဉ်းသား ၁ ဦး လွတ်မြောက်
DVB
·
October 29, 2022
ဖားကန့်အကျဉ်းထောင်မှ အလွတ်တန်းသတင်းထောက် ၁ ဦးနှင့် နိုင်ငံရေးအကျဉ်းသား ၁ ဦး လွတ်မြောက်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့် အကျဉ်းထောင်ကနေ အလွတ်တန်းသတင်းထောက်တ တယောက်နဲ့ နိုင်ငံရေးအကျဉ်းသားတယောက်တို့  အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက ဖားက န့်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင်ကို  ပုဒ်မ ၅၀၅(က)နဲ့ စစ်ကောင်စီက တရားစွဲဆိုကာ ထောင်ဒဏ် ၁ နှစ်ခွဲ၊ ပို့ကုန်/သွင်းကုန် ဥပဒေနဲ့ ၁ လ စုစုပေါင်း ပေါင်း ထောင်ဒဏ် ၁ နှစ်နဲ့ ၇ လ အမိန့်ချတ်မှတ်ခံရပြီး  လွတ်ရက်စေ့လို့ ပြန်လွတ်လာတာလို့ သူနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ် ။

"ဒီနေ့မနက်ပဲ လွတ်လာတာ ဟုတ်ပါတယ်လွတ်ရက်စေ့လို့ လွတ်လာတာပါ”လို့ ကိုဇော်ဝင်းမောင်နဲ့ နီးစပ်တဲ့ မိတ်ဆွေတဦးကပြောပါတယ်။

ဒါ့အပြင် ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆို ဖမ်ဆီးခံရတဲ့ ကိုမျိုးဦးလည်းလွတ်မြောက်လာပါတယ်။

အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင်ဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၂၅ ရက်နေ့က လုံးခင်းကျေးရွာမှာပြုလုပ်တဲ့ ညဆီမီးသပိတ်ပြုလုပ်နေချိန် ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

ဖားကန့်မြို့နယ်မှာ စစ်တပ်ရဲ မတရားအာဏာသိမ်းမှုကို  ဆန့်ကျင်တဲ့ ပြည်သူ ၄၄ ယောက် ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆို ဖမ်းဆီးခံရပြီး  ၂၇ ရက်က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013