DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလက်ထက် ဦးဝီရသူ ပထမဆုံးတရားပွဲကျင်းပပြီး သေနတ်‌ဖောက်အောင်ပွဲခံ
DVB
·
October 27, 2022
စစ်ကောင်စီလက်ထက် ဦးဝီရသူ ပထမဆုံးတရားပွဲကျင်းပပြီး သေနတ်‌ဖောက်အောင်ပွဲခံ
1 / 5
Donate to DVB

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဆင်သေကုန်းကျေးရွာမှာ အောက်တိုဘာ ၂၇ ရက် ဒီနေ့ကျင်းပတဲ့ ကထိန်ပွဲမှာ  မဘသ ဆရာတော်  ဦးဝီရသူက  စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရားဟောပွဲကျင်းပပြီး ဒေသခံရဲတပ်ဖွဲ့က သေနတ် ၅ ချက်ဖောက် အောင်ပွဲခံခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဆင်သေကုန်းကျေးရွာမှာ ကိုကျော်မင်းဦးနဲ့ မခင်ညိုတို့ရဲ့ ရှင်ပြုသိက္ခာထပ် ကထိန်အလှူပွဲ ကို ဒီမနက်ပိုင်းမှာ ပြုလုပ်ခဲ့ပြီးနောက် ဦးဝီရသူက တရားဟောခဲ့ကာ  တရားဟောတဲ့အထဲမှာ ၉၆၉ အယူဝါဒတွေနဲ့  ၉၆၉ အဓိပ္ပါယ်ကိုတွေ ရှင်းလင်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။

နတ္တလင်းမြို့နေသူတယောက်က “မနေ့ နေ့လယ်က ရဲကားတစီးက ရဲ နဲ့ စစ်ကောင်စီစစ်သားတွေ အပြည့်နဲ့။ သူ  (ဦးဝီရသူ) က အိမ်စီးကားနဲ့ သူ့ကားပေါ်မှာ မိုက်ကယ်ကျော်မြင့်ပါ ပါလာတယ်၊ ရွာကိုလိုက်ပို့တာ။  ၂၇ ရက်နေ့ ကထိန်က မနက်ပိုင်းပြီးတော့ ၉၆၉ တရားပွဲ ဆက်လုပ်တယ်။ လုပ်တဲ့နေရာကလည်း ဆင်သေကုန်းရွာက (၉၆၉)ကျောင်းမှာ၊ အဲ့ဒိရွာကတရွာလုံးအစိမ်းတွေ၊ NLD အောင်နိုင်ရေး လုပ်တုန်းကလည်း  ခဲတွေနဲ့ထွက်ပေါက်လို့ ပြဿနာတက်ကြသေးတာ။ အဲ့ဒိ(၉၆၉)ကျောင်းက ဘုန်ကြီးတွေက အနီဆို အသေမုန်းတာ၊ အခုလည်း အမုန်းတရားတွေ အဆိပ်အတောက်တွေပဲ ပြောခဲ့မှာပဲ။ အရင်ကတည်းက  သူတရားဟောခဲ့တဲ့ နေရာတွေမှာ ဘာသာရေးပဋိပက္ခတွေ တောက်လျှောက်ဖြစ်နေတာဆိုတော့ အခုလည်း စိုးရိမ်နေရတယ်။ ရွာထဲမှာကလည်း အနီတွေလည်း ရှိတယ်ဆိုတော့၊ သူတို့အတွက်လည်း စိုးရိမ်နေရတာ”လို့ ပြောပါတယ်။

ကထိန်ပွဲကို ပတ်ဝန်းကျင်ကျေးရွာတွေက သံဃာတချို့နဲ့ဒေသခံ ၂၅ လောက် တက်ရောက်ခဲ့ကြပါတယ်။

ဦးဝီရသူဟာ အန်အယ်လ်ဒီ အစိုးရလက်ထက်က အမုန်းတရားတွေကို ဟောကြားတာကြောင့် တရားဟောခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။

အမျိုးသားရေးဆရာတော်အဖြစ် လူသိများတဲ့ မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲနဲ့ မေလ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲတွေမှာ အစိုးရအဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုဂ္ဂိုလ်ရေး ထိုးနှက်တဲ့ စကားလုံးတွေသုံးပြီး ဟောပြောခဲ့တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)နဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ 

ဦးဝီရသူဟာ ဝရမ်းပြေးအဖြစ် ထွက်ပြေးတိမ်းရှောင်နေရာက တနှစ်ကျော်အကြာ  ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခါနီး  နိုဝင်ဘာ ၂ ရက်နေ့က ရန်ကုန် အနောက်ပိုင်းခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံးမှာ  လာရောက်အဖမ်းခံခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဦးဝီရသူကို  စစ်တပ်က အင်းစိန်ထောင် သီးသန့်ရိပ်သာဆောင်မှာ VVIP အဖြစ်ထားရှိကာ  မေလကစပြီး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက်  စက်တင်ဘာ ၆ ရက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013